ရခိုင်ပြည်နယ် မာန်အောင်ကျွန်း၏ ခရီးသွားလုပ်ငန်း ဖွ့ံဖြိုးတိုးတက်ရေးစီမံကိန်းဆောက်ရွက်နိုင်ရန်် ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်သို့ ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်းလိုက်သည်ဟု သတင်းရရှိသည်။
၎င်းအဆိုကို နိုဝင်ဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးပထမနေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ဖတ်ပြတင်သွားခဲ့ခြင်းဖြစ်သည်။
“ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ရဲ့ သဘောထားကို ရယူထားမှာဖြစ်သလို တစ်ဘက် မှာလည်းဘဲ ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်ထောင်စုအစိုးရကို တင်ပြပြီးတော့ သဘောထား ဘတ်ဂျက်တောင်းခံထားတာလည်း ရှိပါတယ်။ ပြည်ထောင်စု လွှတ်တော် သဘောထားတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေကို ဖြန့်ဝေ ပေးထားပြီးလည်း ဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန ဆယ်ခုက မှတ်ချက်ပေးထားတာလည်းပဲ ကျနော်တို့ ရရှိထားပြီးဖြစ်ပါတယ် ” ဟု အဆိုပါတင်သွင်းစားအား လျှပ်စစ်၊စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက ဖတ်ပြတင်သွားခဲ့သည်။
စီမံကိန်း၏ ရည်ရွည်ချက်သည် ဒေသလူမှုစီးပွားရေး၊ ဖွ့ံဖြိုးတိုးတက်ရေးဆိုသည့် အစီအမံ အောက်မှာ ဆောင်ရွက်သွားရန်နှင့် ခရီးသွားကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်း၊ လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်း၊ လက်မှုပညာနှင့် အသေးစား ကုန်ထုတ်လုပ်မှုနဲ့ ကုန်ထုတ်လုပ်ငန်းများ ပါဝင်မှာဖြစ်သောကြောင့် ဒေသတစ်ခုလုံး ဖွ့ံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ့် အစီအမံတစ်ခုဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မာန်အောင်ကျွန်း၏ ခရီးသွားလုပ်ငန်း ဖွ့ံဖြိုးတိုးတက်ရေးစီမံကိန်းဆောက်ရွက်ရန် ပြည်နယ်အစိုးရမှ ပြည်နယ်လွှတ်တော်၏သဘောထားကိုရယူနိုင်ရန် အဆိုတင်သွင်းအဆိုအား ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးရန် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါစီမံကိန်းကြီးအောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် မာန်အောင်အများပိုင်ကုမ္ပဏီ၊ FMI ကုမ္ပဏီများနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးသားဖြစ်ကြောင်းလည်း သိရသည်။







