ဂျာမနီနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများက စစ်တွေတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများကို အခမဲ့ ဆေးကုသ ပေးမည်

ဂျာမနီနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများက စစ်တွေတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများကို အခမဲ့ ဆေးကုသ ပေးမည်
by -
မဘုကေ

ရခိုင်ပြည်နယ် စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းမှ ဦးစီးပြီး (၇) ကြိမ်မြောက် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ၊ လည်ပင်းကြီး၊မီးလောင်ဒါဏ်ရာ၊ ခြေလက်အပူး၊ အဆီကျိတ်များကို နိုဝင်ဘာလ ၂၆ရက် ဒီဇင်ဘာလ ၆ ရက်နေ့အထိ အခမဲ့ ဆေးကုသပေးမည် ဖြစ်သည်။

ဂျာမနီနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် အလိုတော်ပြည်ကျောင်းတွင် အခမဲ့ လာရောက်ခွဲစိတ်ကုသမည် ဖြစ်ကြောင်း အခမဲ့ ဆေးကုသ ခံယူမည့် သူများအား စာရင်းလက်ခံနေသူ ကိုထွန်းသိန်းက ပြောသည်။

“ အလိုတော်ပြည့်ကျောင်းမှာ ဆေးကုသခံယူမည့် လူနာတွေကို ထားပြီး စားဝတ်နေရေး အစကူညီထောက်ပံ့ သွားမှာဖြစ်ပါတယ်။ ကုသမည့် သူများကို စာရင်းတွေ လက်ခံနေပြီ ဖြစ်ပါတယ်” ဟု သူက သည်။

ရခိုင်ပြည်နယ် တစ်ခုလုံးမှ လာရောက်သည့် ဆေးကုသမည့်လူနာများအား အကန့်အသတ်မရှိဘဲ အလိုတော်ပြည့်ကျောင်းတွင် တည်းခိုနေထိုင်ခွင့်ပြုပြီး စစ်တွေ ဆေးရုံကြီးတွင် ဆေးကု သပေးသွားမည် ဖြစ်ပါသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...