ရခိုင်ပြည်နယ် စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းမှ ဦးစီးပြီး (၇) ကြိမ်မြောက် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ၊ လည်ပင်းကြီး၊မီးလောင်ဒါဏ်ရာ၊ ခြေလက်အပူး၊ အဆီကျိတ်များကို နိုဝင်ဘာလ ၂၆ရက် ဒီဇင်ဘာလ ၆ ရက်နေ့အထိ အခမဲ့ ဆေးကုသပေးမည် ဖြစ်သည်။
ဂျာမနီနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် အလိုတော်ပြည်ကျောင်းတွင် အခမဲ့ လာရောက်ခွဲစိတ်ကုသမည် ဖြစ်ကြောင်း အခမဲ့ ဆေးကုသ ခံယူမည့် သူများအား စာရင်းလက်ခံနေသူ ကိုထွန်းသိန်းက ပြောသည်။
“ အလိုတော်ပြည့်ကျောင်းမှာ ဆေးကုသခံယူမည့် လူနာတွေကို ထားပြီး စားဝတ်နေရေး အစကူညီထောက်ပံ့ သွားမှာဖြစ်ပါတယ်။ ကုသမည့် သူများကို စာရင်းတွေ လက်ခံနေပြီ ဖြစ်ပါတယ်” ဟု သူက သည်။
ရခိုင်ပြည်နယ် တစ်ခုလုံးမှ လာရောက်သည့် ဆေးကုသမည့်လူနာများအား အကန့်အသတ်မရှိဘဲ အလိုတော်ပြည့်ကျောင်းတွင် တည်းခိုနေထိုင်ခွင့်ပြုပြီး စစ်တွေ ဆေးရုံကြီးတွင် ဆေးကု သပေးသွားမည် ဖြစ်ပါသည်။







