ဘူးသီးတောင်မြို့နယ်အနီးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားဟု AA ထုတ်ပြန်

ဘူးသီးတောင်မြို့နယ်အနီးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားဟု AA ထုတ်ပြန်
by -
စိုးသူအောင်

ရခိုင်ပြည်နယ် ဘူးသီးတောင်ဒေသအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (AA) မှပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောသည်။

“ တိုက်ပွဲက ဘူးသီးတောင်မြို့နယ်ထဲမှာ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်ဗျ ။ ဒီရက်ပိုင်းမှာ။ ၁၈ ရက်နေ့ ညနေ ၄ နာရီကနေ ည ၈နာရီလောက်ထိပေါ့ ။ ၄ နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်။ ဖြစ်တဲ့နေရာကတော့ ဘူးသီးတောင် မြို့နယ်ထဲက  “နဟန်း”  ဆိုတဲ့ရွာနားမှာ ဖြစ်တာ”  ဟု (AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောသည်။

နိုဝင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ကုလားတန်မြစ်အနီးတစ်ဝိုက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အစပ်အနီးတွင် နိုဝင်ဘာ ၁၈ ရက်မှ စတင်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာချင်သည်ဟု ရက္ခိုင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) မှပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မဇ္စျိမသို့ ပြောဆိုထားသည်။

“ ကျွန်တော်တို့ထိန်းချုပ်ဒေသမှာ စစ်ဘေးရှောင်ပြည်သူက ၆၀၀  ဝန်းကျင်လောက်ရှိနေတယ်။ နောက်ပြီးတော့ ရှင်းလက်ဝ ဘက်မှာလည်းပဲ စစ်ဘေး ရှောင်က ၃၀၀ ကျော်လောက် ရှိနေတယ်လို့ကြားတယ်။ ဘူးသီးတောင်ဘက်မှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ နဟန်းရွာနားကပြည်သူတွေကတော့ ဘေးလွှတ်ရာ ရှောင်တိမ်းနေရတယ်လို့ကြားတယ် “ ဟု  ဆိုသည်။

သို့သော်လည်း အစိုးရဘက်မှ AA နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပက်သက်ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

၂၀၁၅ ကတည်းက ကျောက်တော်၊ ပလက်ဝ၊ ရသေ့တောင်မြို့အတွင်းရှိနေရာများတွင် တပ်မတော်နှင့် AA တို့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်ပွားနေ သည့် ပလက်ဝတိုက်ပွဲသည် ရက် ၂၀ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ချင်းပြည်နယ် ပလက်ဝတွင် ဖြစ်ပွားနေသည့် ဆက်လက်ပြင်းထန်လာနိုင်သည့် တိုက်ပွဲများကြောင့် ကျေးရွာအချို့အတွင်း လက်နက်ကြီးကျခြင်းကဲ့သို့ဖြစ် စဉ်များအပြင် နေရပ်စွန်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် အနည်းဆုံး ၃၀၀ ထက် မနည်းရှိနေပြီဖြစ်သည်။

ထို့အပြင် ရက္ခိုင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) သည် တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များထဲမှ တစ်ခုအပါအဝင် လည်းဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...