ကျောက်ဖြူတွင် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ အသက် ၂၀ အရွယ် လူငယ် နှစ်ဦးထံမှ WY ဆေးပြားဖမ်းမိ

ကျောက်ဖြူတွင် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ အသက် ၂၀ အရွယ် လူငယ် နှစ်ဦးထံမှ WY ဆေးပြားဖမ်းမိ
by -
ကျော်ဝင်း

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် နိုဝင်ဘာ ၁၇ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က မူခင်းကျဆင်းရေး ကင်းလှည့်ဆောင်ရွက်နေစဉ် အစိုးရရပ်ကွက်၊ ကျောက်ဖြူမြို့ဝင်ဆိုင်းဘုတ်အနီးတွင် မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ WYစာတန်းပါ မူးယစ်ဆေးဝါး စုစုပေါင်း(၅၁၆)ပြားကို အသက် ၂၀ အရွယ် လူငယ်နှစ်ငယ်ဦးထံမှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇော၊ နယ်ထိန်းခေါင်း ရဲအုပ်ကျော်နီထွန်း အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ တို့ပါ၀င်သော အဖွဲ့မှ မူခင်းကျဆင်းရေးအတွက် ကင်းလှည့်ဆောင်ရွက်နေစဉ် ၂၆/ယ ၅၉၄၉၈ HONDA CB 400 ဖြူ၊နီရောင် ဆိုင်ကယ်အား မောင်းနှင်လာသူ အောင်ဟိန်းကျော်(ခ)ကျန်ကျောင်းနှင့် ဆိုင်ကယ်နောက်မှ ထိုင်လိုက်လာသူ ပြည့်ဖြိုးအောင်(ခ)ဖိုးသာထူး ရပ်တန့်စစ်ဆေးရာ WYစာတန်းပါ မူးယစ်ဆေးဝါး ဖမ်းဆီးမိခြင်းဖြစ်သည်။

‘‘ မူခင်းကျဆင်းရေး ကင်းလှည့်နေစဉ် မြို့ပြင်ဘက်က မြို့တွင်းဘက်သို့ မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးရာက ဖမ်းမိတာပါ။ စုစုပေါင်း ဆေးပြား(၅၁၆)ပြားပါ’’ဟု ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြည့်ဖြိုးအောင်(ခ)ဖိုးသာထူး ယာဘက်လက်တွင် ကိုင်ဆောင်ထားသော ကြွပ်ကြွပ်အိတ်အတွင်းမှ အပြာရောင် ကပ်ခွာအိတ်ဖြင့်ထည့်လျက် WYစာတန်းပါ ပန်းရောင်းစိတ်ကြွရူးသွပ်ဆေးပြား (၂၀၂)ပြား၊ HUAWEI အဖြူရောင် ဆင်းကဒ်အပါအဝင် ဖုန်း(၁)နှင့် အောင်ဟိန်းကျော် ထံမှ HONDA CB 400 ဖြူ၊နီရောင် ဆိုင်ကယ် တူးဘောက်တွင်းမှ SAMSUNG GALAXY S7 edge ဖုန်း ဘူးခွံအတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက် WYစာတန်းပါ ပန်းရောင်းစိတ်ကြွရူးသွပ်ဆေးပြား (၁၄၂)ပြားပါ (၁)ထုပ်နှင့် (၁၇၂)ပြားပါ (၁)ထုပ် ဖမ်းဆီးရမိသည်။

မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ခဲစက္ကူစာရွက်(၁)ရွက်၊ အအေးစုပ်ပိုက်(၂)ချောင်း၊ မီးခြစ်(၁)လုံး၊ မှတ်ပုံတင်နှင့် မြန်မာငွေစက္ကူအရောရော ကျပ်(၃၂၀၀၀၀)ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးဖမ်းဆီးမိသူနှစ်ဦးမှာ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ကျောက်ဖြူခရိုင်ဆေးရုံခြံဝန်း၊ ၀န်ထမ်းလိုင်းခန်းတွင် နေထိုင်သူ အောင်ဟိန်းကျော်(ခ)ကျန်ကျောင်း (၂၀)နှစ်နှင့် ကျောက်ဖြူမြို့၊ တောင်ရင်းကျေးရွာ၊ တိုးချဲ့(၃)လမ်းတွင် နေထိုင်သူ ပြည့်ဖြိုးအောင်(ခ)ဖိုးသာထူး (၂၀)နှစ် တို့ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးမိသူ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူပေးပါရန် ရဲအုပ်ကျော်နီထွန်းမှ တရားလိုလုပ်တိုင်တန်းထား၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၅/၁၉(က)/၂၀(က)/၂၁(က)အရ အမှုဖွင့်ထားပြီး ဒုရဲအုပ်လှမိုးမှ စစ်ဆေးလျက်ရှိသည်။

 

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...