ငွေ ၉၀၀၀၀ ကျပ်စီကောက်ခံထားပြီး ၃ လကျော်ကြာသော်လည်း မီတာဘောက်စ် မရရှိမှု အပေါ် သက်ဆိုင်ရာမှ ရှင်းလင်းပေးရန်

ငွေ ၉၀၀၀၀ ကျပ်စီကောက်ခံထားပြီး ၃ လကျော်ကြာသော်လည်း မီတာဘောက်စ် မရရှိမှု အပေါ် သက်ဆိုင်ရာမှ ရှင်းလင်းပေးရန်
by -
စံမောင်သန်း

ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာမှ ကျေးရွာသားများက လျှပ်စစ်မီတာဘောက် ရရှိရန် ငွေ ၉၀၀၀၀ စီ ပေးသွင်းထားသည်မှာ ၃ လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း မီတာဘောက် မရရှိသေးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရှင်းလင်းပေးစေလိုသည်ဟု လမ်းမတော် ကျေးရွာမှ ရွာသားများကပြောသည်။

“မီတာဘောက်တစ်လုံးအတွက် တစ်အိမ်ကနေ ၉ သောင်းကျော် ကောက်ခံထားပါတယ်။ ၃ လ ကျော်သွားပေမယ့်လည်း အခုအချိန်ထိ ဘာမှ မသိရသေးဘူး။ ကျနော်တို့ အနေနဲ့ အဖေအမေ မရှိသလိုမျိုးပဲ ဘယ်ကို တိုင်လို့ တိုင်ရမှန်းမသိဘူး။ သက်ဆိုင်တဲ့ အဖွဲ့ကို တိုင်တန်းပေမယ့် ဘာမှ အကြောင်း ပြန်ကြားပေးတာ မရှိသေးပါဘူး။ ကျေးရွာ အုပ်ချုပ်ရေးမှူးကို သွားမေးကြတော့လဲ သူက ဘာမှမသိသလိုမျိုးပဲ လုပ်နေပါတယ်”ဟု လမ်းမတော်ကျေးရွာသား ဦးဦးစောမြင့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါကျေးရွာသို့ လျှပ်စစ်ဓါတ်အားလိုင်း ဆက်သွယ်ပေးထားပြီး လမ်းမီးရရှိခဲ့သည်မှာ ၃ လ ကျော်နေပြီဖြစ်ကြောင်း၊ သို့သော် မီဘောက်လျှောက်ထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားပေးမှု မရှိသေးဟု ဆိုသည်။

“ဒီပြင်နေရာတွေမှာ ဒီလိုမျိုးမရှိပါဘူး။ ပြည်မဘက်မှာတော့ မီတာဘောက်စ် လျှောက်လိုက်ရင် တစ်လအတွင်းမှာ ချပေးတယ်လို့ သိရတယ်။ ငါတို့ရခိုင်ပြည်မှာပဲ ဒီလိုမျိုးဖြစ်နေတာပါ။ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားမိပါတယ်။ မြို့နယ်က လျှပ်စစ်ဌာန တာဝန်ရှိသူတွေကို သွားရောက်အကြောင်းကြပေမယ့်လည်း မီတာဘောက် မရှိသေးလိ့ု မချပေးတာလို့ အကြောင်းပြန်ကြား ပါတယ်။ ကျနော်တို့ ရွာသားတွေအနေနဲ့ကတော့ မီတာဘောက်ကို မြန်မြန်ဆန်ဆန် ချပေးပြီး တပ်ဆင်ပေးစေလိုပါတယ်”ဟု ဦးဦးစောမြကပြောသည်။

လမ်းမတော်ကျေးရွာအုပ်စုတွင် မီတာဘောက်လျှောက်ထားသည့် ကျေးရွာသားစုစုပေါင်း ၃၀၀၀ ကျော်ရှိသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိနိုင်ရန် ကျောက်တော်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူးသို့ နိရဥ္စရာ သတင်းဌာနမှ နိုဝင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ဖုန်းအကြိမ်ကြိမ် ဆက်သွယ် သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာ သူက “မီတာဘောက်စ် လျှောက်ရင် တစ်လအတွင်းမှာ ရနိုင်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ မဟာဓါတ်အားလိုင်းက ပေးထားတဲ့ ဓါတ်အားခွဲလိုင်းက လျှပ်စစ်ဓါတ်အားဟာ လုံလောက်မှု မရှိသေးတဲ့အတွက် မြောက်ဦးမြို့ပေါ်က မီတာဘောက်စ် လျှောက်ထားသူတွေကိုတောင် မီတာဘောက် မချပေးဘဲ ဆိုင်းငံ့ထားတာတွေ ရှိနေပါတယ်”ဟု ပြောဆိုသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...