ဘူးသီးတောင်တွင် WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား တစ်သန်းနီးပါး ဖမ်းဆီးရမိ

ဘူးသီးတောင်တွင် WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား တစ်သန်းနီးပါး ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား တစ်သန်းနီးပါးကို ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) ညနေက ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်မှူး သောင်းငွေက “ စိတ်ကြွဆေးပြားတွေရဲ့တန်ဖိုးက ကျပ်ငွေ သိန်းပေါင်းတစ်သောင်းကိုးထောင်ငါးရာခန့် တန်ဖိုးရှိပါတယ်။ အရေအတွက်က ကိုးသိန်း ခုနှစ်သောင်း ငါးထောင်ဖြစ်ပါတယ်။ အမှတ် (၄) သပြေကုန်းရပ်ကွက် ဦးစိုးပိုင်အိမ်က ဖြစ်ပါတယ်” ဟု ပြောသည်။

သတင်းအရ နယ်ထိန်းရဲအုပ်ကျော်စိုးနှင့် အဖွဲ့မှ ၀င်ရောက်ရှာဖွေရာမှ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူမှာ NLD ဘူးသီးတောင်မြို့နယ် ဒုဥက္ကဋ္ဌ ဦးရဲသိန်း(ခ)ဘူနောင်၏ ညီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ ကျွန်တော်တို့ကြားတာက သေတ္တာနှစ်လုံးထဲက ဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။ ဦးစိုးပိုင်ပိုင်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ အတွက်သူ့ကို ဖမ်းထားတယ်လို့ သိရပါတယ်။ သူက NLD မြို့နယ် ဒုဥက္ကဋ္ဌရဲ့ညီဖြစ်ပါတယ်။ တစ်အိမ်တည်းမှာ အတူနေကြတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ယခု ဖမ်းမိသော စိတ်ကြွဆေးပြားအရေအတွက်မှာ ဘူးသီးတောင်တွင် အများဆုံးဖမ်းမိသည့် အရေအတွက် ဖြစ်သည်ဟု သိရကြောင်း၊ ယခုအခါ စိတ်ကြွဆေးပြားများကို ကျောင်းသားများနှင့် လူငယ်များအကြား သုံးစွဲမှုများနေ၍ စိုးရိမ်စရာကောင်းနေကြောင်း၊ သက်ဆိုင်ရာမှ ထိထိမိမိ နှိမ်နှင်းအရေးယူရန် လိုအပ်နေကြောင်း၊ ယခုဆေးပြားများကို ဘင်္ဂလာဒေ့ရှ်သို့ပို့ဆောင်ရန် စီစဉ်ထားပုံရကြောင်း ဦးထွန်းအောင်သိန်းက ပြောကြားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...