China Asian အဖွဲ့မှ ရခိုင်နယ်စပ်ခြံစည်းရိုးကို အဆင့်မြင့်နည်းပညာအသုံးပြု အဆင့်မြှင့်တင်ပေးမည်ဟုဆို

China Asian အဖွဲ့မှ ရခိုင်နယ်စပ်ခြံစည်းရိုးကို အဆင့်မြင့်နည်းပညာအသုံးပြု အဆင့်မြှင့်တင်ပေးမည်ဟုဆို
by -
မာန်ယုကျော်

China Asian စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့က ရခိုင်နယ်စပ်ခြံစည်းရိုးကို အဆင့်မြင့် နည်းပညာအသုံးပြု အဆင့်မြှင့်တင်ပေးသွားမည်ဟု အဆိုပါအဖွဲ့နှင့် မိတ်ဖက်အဖွဲ့ဖြစ်သည့် ဟင်္သာဧကရီကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာက စစ်တွေတွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

“နယ်စပ်ခြံစည်းရိုးကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာအဆင့်မီ လုံခြုံစိတ်ချရတဲ့စနစ်တွေပေါ့နော်။ လုံခြုံစိတ်ချရတဲ့စနစ်တွေ၊ နည်းပညာတွေသုံးပြီးတော့ လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ် “ဟု ဟင်္သာဧကရီကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နွယ်နွယ်အေးက ပြောသည်။

ယင်းသို့ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်ပြီး China Asian အဖွဲ့ဥက္ကဋ္ဌဦးဆောင်သော တာဝန်ရှိသူများနှင့် ဟင်္သာဧကရီကုမ္ပဏီတာဝန်ရှိသူများသည် နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သွားရောက် တွေ့ဆုံ ခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ် မအားလပ်သဖြင့် ရခိုင် ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးတချို့နှင့်သာ မိနစ် (၂ဝ)ခန့် တွေ့ဆုံခွင့်ရခဲ့ကြသည်ဟု သိရသည်။

အဆိုပါအဖွဲ့၏ဆွေးနွေးချက်နှင့်ပတ်သက်ပြီး ပြည်နယ်ဘဏ္ဍာ/အခွံ/စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြည်ထောင်စုအစိုးရအစီအမံအတိုင်းသာ လက်ခံ ဆောင်ရွက် သွားမည်ဟု တုန့်ပြန် ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့သည် နယ်စပ်လုံခြုံရေးအပြင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကိုပါ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယင်းကိစ္စများနှင့်ပတ်သက်၍ ယခုလ ၁၄ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားဦးမည်ဟုလည်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...