မိုးပွင့်စစ်ဆင်ရေးဖြင့် မှတ်ပုံတင်ထုတ်ပေးရာတွင် ကျောက်ဖြူနယ်တွင် ငွေကောက်ခံမှုများရှိနေဟုဆို

မိုးပွင့်စစ်ဆင်ရေးဖြင့် မှတ်ပုံတင်ထုတ်ပေးရာတွင် ကျောက်ဖြူနယ်တွင် ငွေကောက်ခံမှုများရှိနေဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကင်းမြောက် ကျေးရွာအုပ်စုတွင် မိုးပွင့် စစ်ဆင်ရေးဖြင့် မှတ်ပုံတင်များ ပြုလုပ်ရာ တွင် ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း ကျေးရွာသားများက ပြောသည်။

“မိုးပွင့်စစ်ဆင်ရေးနဲ့ မှတ်ပုံတင်တွေ ပြုလုပ်တဲ့ နေရာမှာ ငွေမပေးရဘူးလို့ အစိုးရက ပြောပါတယ်။ အခု တစ်ယောက်ကို အသစ်လုပ်ရင် ၂၅၀၀ ကျပ်စီ ပေးရပါတယ်။ ကြံ့ခိုင်ရေးပါတီမှ ဦးမောင်စံရွှေက ဦးဆောင်ပြီး ကောက်ပါတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

ထိုသို့ ကောက်ခံရာတွင် အသစ်ပြုလုပ်သူ တစ်ဦးကို ၂၅၀၀ ကျပ်၊ အဟောင်းနှင့်အပျက် လဲလှယ်လျှင် တစ်ဦးကို ရှစ်ထောင်ကျပ်စီ ကောက်ခံသည်ဟု သူက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ဒေသမှာ လူတွေ အရမ်းဆင်းရဲတော့ ပိုက်ဆံ ရှစ်ထောင် ဘယ်သူမှ မပေးနိုင်ဘူး။ ဒါကြောင့် အသစ်လုပ်သူလောက်ပဲ မှတ်ပုံတင်ရပြီး အဟောင်းနဲ့ ပျောက်ဆုံးသူတွေက ပိုက်ဆံ ရှစ်ထောင် မသွင်းနိုင်တော့ မရလိုက်ဘူး” ဟု တစ်ခြားရွာသား တစ်ဦးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကင်းမြောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြည်အား မေးမြန်းရာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

“ဒီသတင်းမှားပါတယ်။ ကောက်တာက တစ်ထောင်လောက်ပဲ ကောက်တာပါ။ ဓာတ်ပုံ သုံးလေးပုံ ရိုက်ရတဲ့ အတွက် ကောက်တာပါ။ ဦးမောင်စံရွှေက ကျေးရွာအုပ်စု လူမှုအထောက်အကူပြု အတွင်းရေးမှူးအဖွဲ့မှာ ပါ၀င်တော့ တစ်ရွာလုံး လုပ်တာ မဟုတ်တဲ့အတွက် ဓာတ်ပုံခ တစ်ထောင်ဖိုးလောက် ကောက်တာ ဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ယခု မိုးပွင့်စီမံကိန်း ပြုလုပ်ရာတွင် အသစ်လုပ်သူများကိုသာ မှတ်ပုံတင် ထုတ်ပေးခြင်း ဖြစ်ပြီး အဟောင်းနှင့် ပျောက်ဆုံး ပျက်စီးသူများကို ထုတ်ပေးခြင်း မဟုတ်ကြောင်း၊ သို့အတွက် အဟောင်းနှင့်ပျက်စီး ပျောက်ဆုံးသူများမှာ ငွေ ရှစ်ထောင် မပေးနိုင်သဖြင့် မရလိုက်ခြင်းမှာ မဟုတ်မှန်ကြောင်း၊ ရခိုင်အမျိုးသား ပါတီဝင် အချို့မှ နားလည်မှုလွဲ၍ မိမိမှ ရှင်းပြလိုက်ပြီ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ကျေးရွာသား တစ်ဦးကမှု သူ့အနေဖြင့် မှတ်ပုံတင် အသစ်လုပ်ရာတွင် ကျပ် ၂၅၀၀ ပေးလိုက်ရကြောင်း အတည်ပြု ပြောဆိုသည်။

ယခု တစ်ခေါက် ကင်းမြောက် အုပ်စုတွင် မှတ်ပုံ အသစ် ပြုလုပ်ရာ ရရှိသူ ကျေးရွာသား အရေအတွက်မှာ စုစုပေါင်း ၁၃၀ ရှိကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...