မောင်တောတောင်ပိုင်း ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အကြမ်းဖက်သမားများ၏ လှိုဏ်ဂူများရှာဖွေတွေ့ရှိ

မောင်တောတောင်ပိုင်း ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အကြမ်းဖက်သမားများ၏ လှိုဏ်ဂူများရှာဖွေတွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လှိုဏ်ဂူများတွေ့ရှိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ ကျောက်ပန္တု ကျေးရွာ အလယ်ရှိ တောင်ကုန်းငယ်အား သွားရောက်ရှာဖွေရာ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေရှိ သစ်လုံးများမိုးထားပြီး ပျဉ်ခင်းထားသော လူလုပ် လှိုဏ်ဂူတစ်ခုကိုတွေ့ရှိခဲ့ကြောင်း ကကပြည်တွင် သတင်းဖော်ပြသည်။

စစ်ဆေးချက်များအရ ၎င်းလိူဏ်ဂူမှာ ယခင်က အကြမ်းဖက်သမားများ၏ ရိက္ခာနှင့် ဆေးဝါးများသိုလှောင်ခဲ့သည့် ခြေရာလက်ရာများကို ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ဆက်လက်ပြီး သင်္ဘောကွေ့ကျေးရွာသို့ ထပ်မံသွားရောက်ရှာဖွေခဲ့ရာ ကျေးရွာ၏ အရှေ့ဘက် တောင်ကုန်း၌ အမြင့် ၄ ပေ၊ အနံ ၃ ပေရှိပြီး ကျောက်သားအား ထွင်းထားသော လှိုက်ဂူတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။

လှိုဏ်ဂူသည် အပေါက်ဝမှ ပေ ၃၀ ခန့်ဝင်ရောက်သွားပါက လမ်းခွဲ ၂ ခုရှိကာ ယာဘက်လမ်းခွဲ၏ အရှည်သည် ပေ ၄၀ ခန့်ရှိပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိလူနေထိုင် အိပ်စက်နိုင်ရန် နေရာများနှင့် အဆုံး၌ ၅ ပေ ပတ်လည်အကျယ်ရှိ မြေလွတ် တစ်ခုတို့ကိုပြုလုပ်ထားကြောင်း၊ ဝဲဘက်လမ်းခွဲ၏ အရှည်သည်လည်း ပေ ၄၀ ခန့်ရှည်လျာပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိ လူနေထိုင် အိပ်စက်ရန်နေရာများနှင့် လမ်းအဆုံး၌ ထွက် ပေါက်တစ်ခုတို့ကို ပြုလုပ် ထားကြောင်းနှင့် ၎င်းလှိုဏ်ဂူသည် ယခင်က အကြမ်းဖက်သမားအင်အား ၂၀ ဦးမှ ၂၅ ဦးခန့်နေထိုင်ခဲ့ကြောင်းတို့အား စစ်ဆေးတွေ့ရှိရပြီး လှိုဏ်ဂူအတွင်းမှ ဆန်အိတ်ပိုင်း ၅ ပိုင်း၊ ဆီပုံးခွံ ၁ ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း(ဘ)မိုဟာမတ်ကာလာမျာနှင့် ကျောက်ပန္တုကျေးရွာနေ အဒူဟာ လိပ်(ဘ)အာဘူဟာရှိန်းတို့၏ အမည်များပါရှိသည့် ကျောင်းသားကတ် ၂ ခု၊ ကိုရမ်ကျမ်း စာအုပ် ၃ အုပ်နှင့် ဟောင်းနွမ်းနေသည့် အကျႌ ၃ ထည်တို့အား ရှာဖွေတွေ့ရှိရသည်။

အဆိုပါလှိုဏ်ဂူများတွေ့ရှိခဲ့သည့် ကျေးရွာများနှင့် အနီးတစ်ဝိုက်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေး စိတ်စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...