စစ်တွေမြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

စစ်တွေမြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
by -
စံမောင်သန်း

နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သော တန်ဆောင်မုန်းလပြည့် စစ်တွေမြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းပွဲကို ရခိုင်ရိုးရာ ဓလေ့ ထုံးတန်းစဉ်လာများနှင့် အညီ အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆွမ်းတော်ကြီးလောင်းပွဲကို အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့ရှိ ၀င်္ကဘာကွင်းတွင် ကျင်းပရာ စစ်တွေမြို့ပေါ်မှ ဂုဏ်ထူးဆောင် ဆရာတော်ကြီး ၂၀ ပါး အပါအဝင် သံဃာတော် အပါး ၅၅၀ ကြွရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို လက်ခံခဲ့ကြသည်ဟု သိရသည်။

ဆွမ်းတော်ကြီးလောင်းပွဲသို့ ကြွရောက်ခဲ့ကြသော ဂုဏ်ထူးဆောင် ဆရာတော်ကြီးများမှာ ကျားရုပ်ကျောင်းတိုက် ဆရာတော်ကြီး၊ ကန်စောက်ကျောင်းတိုက် ဆရာတော်ကြီး၊ ဒက္ခိဏရာမ ကျောင်းတိုက် ဆရာတော်ကြီး၊ စိတ္တသုခကျောင်းတိုက်ဆရာတော်ကြီး၊ ပုသိမ်ကျောင်းတိုက် ဆရာတော်ကြီး၊ မဏိရတနာကျောင်းတိုက် ဆရာတော်ကြီး၊ မဟာအောင်မြေဘုံကျောင်းတိုက် ဆရာတော်ကြီး၊ မြသိန်းတန်ကျောင်းတိုက် ဆရာတော်ကြီး၊ ဓမ္မရောင်ခြေကျောင်းတိုက် ဆရာတော်ကြီး၊ ကြွဖြူကျောင်းတိုက် ဆရာတော်ကြီး၊ ဓမ္မသုခကျောင်းတိုက် ဆရာတော်ကြီး၊ သာသနာ့ရောင်ခြည် ကျောင်းတိုက်ဆရာတော်ကြီး၊ ခေမာမဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ကြီး။ နန္ဒာရာမကျောင်းတိုက် ဆရာတော်ကြီး၊ မြို့မပရိယတ္တိကျောင်းတိုက် ဆရာတော်ကြီး၊ တောင်ရွှေရွာကျောင်းတိုက် ဆရာတော်ကြီး၊ မဟာစန္ဒသူရိယကျောင်းတိုက် ဆရာတော်ကြီး၊ အမ္ဗာရာမကျောင်းတိုက် ဆရာတော်ကြီး၊ ပညာလင်္ကာရကျောင်းတိုက် ဆရာတော်ကြီးနှင့် ခေမိန္ဒာရာမကျောင်းတိုက် ဆရာတော်ကြီးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွမ်းတော်ကြီးလောင်းပွဲကို နံနက် ၉ နာရီခန့်မှ ၁၀ နာရီခန့်ထိ ပြုလုပ်ခဲ့ရာ ဗုဒ္ဓဘာသာဝင် ထောင်နှင့်ချီ လာရောက်ပြီး လှူဖွယ် ၀တ္ထု အစုစုတို့ကို လှူဒါန်းခဲ့ကြသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...