မောင်တော ဒုချီးရားတန်း ကျေးရွာ ကြီးကြပ်ရေးမှူး အသတ်ခံရ

မောင်တော ဒုချီးရားတန်း ကျေးရွာ ကြီးကြပ်ရေးမှူး အသတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်မှ ပြဿနာများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ  မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ဘင်္ဂလီ လူမျိုးများ အကြား အချင်းချင်း သတ်ဖြတ်မှု တစ်ခု ယခုလ နှစ်ရက်နေ့က  ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ကျေးရွာကြီးကြပ်ရေးမှူး တစ်ဦး အသတ်ခံခဲ့ရကြောင်း မောင်တောခရိုင် ရဲမှူးက အတည်ပြု ပြောကြားသည်။

“ဖြစ်စဉ် မှန်ပါတယ်။ သူတို့အချင်းချင်း သတ်ဖြတ်ကြတာပါ။ ကျေးရွာကြီးကြပ်ရေးမှူး တာဝန်ခံ အသတ်ခံလိုက်ရပါတယ်” ဟု မောင်တောခရိုင် ရဲမှူးမှ နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

သတ်ဖြတ်ခံရသူမှာ ဒူချီးရားတန်း ကြီးကြပ်ရေးမှူး မာမတ်ဆုတန် ဖြစ်ပြီး သူ့အား သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရာတွင် သဲလွန်စ ရှာဖွေရာ KF 7.65 စာတန်းပါ ကျည်ခွံလေးခု၊ ကျည်ထိပ်ဖူးတစ်ခု၊ ကျည်တစ်တောင့်တို့ကို တွေ့ရှိ ရကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောသည်။

“ဒီဖြစ်စဉ်က နယ်ခြားစောင့်ရဲအပိုင်မှာဖြစ်တဲ့အတွက် အသေးစိတ်ကို ပြောဖို့ကြတော့ ခက်တယ်။ တရားခံတွေ ဖမ်းမိသလား၊ မဖမ်းမိဘူးလား။ သူတို့က ဘယ်သူတွေဆိုတာလဲ နယ်ခြားစောင့်တပ်ကို မေးရင် ရနိုင်ပါလိမ့်မယ်” ဟု ရဲမှူးက ပြောဆိုသည်။

ယခု လူသတ်မှု ဖြစ်စဉ်အား မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် နယ်ခြားစောင် တပ်ဖွဲ့ နခခ(၄)မှ ဌာနခွဲမှူး ယာယီရဲမှူး ငြိမ်းချမ်းအေး ဦးစီးအဖွဲ့က ကိုင်တွယ် ဆောင်ရွက်နေကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...