ငြိမ်းချမ်းရေးလမ်းစဉ်မှာ ပြည်သူအားလုံးပါဝင်မူ အရေးကြီးကြောင်း U Khua Uk Lian တိုက်တွန်း

ငြိမ်းချမ်းရေးလမ်းစဉ်မှာ ပြည်သူအားလုံးပါဝင်မူ အရေးကြီးကြောင်း U Khua Uk Lian တိုက်တွန်း
by -
ခိုနူမ်းထုန်
တိုင်းပြည်ငြိမ်းချမ်းရန်အတွက် ပြည်သူလူထုအနေနှင့် သက်ဆိုရာအဖွဲ့အစည်းများမှာ ပံ့ပိုးပါဝင်ပေးခြင်းသည်လည်း အဓိကကျသည့်အကြောင်းအရာဖြစ်ကြောင်း  ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေ အတွေးရေးမှူး (၂) U Khua Uk Lian က ပြောကြားသည်။

“တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ဟာက အဖွဲ့အစည်းတွေ၊ အစိုးရတွေထဲနဲ့မပြီးဘူး၊ ပြည်သူလူထုကြီးပါမှဖြစ်တယ်။ ခုဆိုရင် အဖွဲ့အစည်းတွေရဲ့ အခြေခံရပ်တည်ချက်၊ အသံတွေက တူနေတယ်၊ အဲဒီတူညီနေတဲ့အပေါ်မှာ ပြည်သူလူထုကလည်း ပံ့ပိုးပြီးတော့မှ ငြိမ်းချမ်းရေး အမြန်ဆုံးရနိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်း၊ သက်ဆိုင်ရာလူမျိုးတွေမှာ ပါဝင်ပေးကြပါ” ဟု ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံကြီးသည် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ အဖွဲ့အစည်းအသီးသီးကို သက်ဆိုင်ရာ ပြည်သူလူထုအနေနှင့်  ပံ့ပိုးကူညီအားပေးကြရန် အဖွဲ့အစည်းနှင့်ပြည်သူ တထပ်တည်းအသံထွက်မှ ငြိမ်းချမ်းရေးကို အလျှင်မြန်ဆုံးရနိင်မည်ဟု ၎င်းကဆက်ပြောကြားသည်။

၂၁ ရာစု ပင်လုံညီလာခံကြီး၌ ဖတ်ကြားတင်သွင်းသမျှသောစာတမ်းများအရ ၉၅ ရာခိုင်နှုန်းသောစာတမ်းမှာ တူညီနေသဖြင့် နောက်လုပ်ရမည့် လုပ်ငန်းများအပေါ် လွယ်ကူစေမှာဖြစ်ပြီး ပြည်သူလူထု၏ ပ့ံပိုးအားပေးမှုကလည်း အရေးကြီးလာမည်ဟု သုံးသပ်မိကြောင်း U Khua Uk Lian က  ခိုနုမ်းသုန်သတင်းဌာနသို့ ပြောပါတယ်။

“စာတမ်းတွေ သိပ်ကွဲမယ်ဆိုလို့ရှိရင်တော့ စုစည်းဖို့မလွယ်ဘူး၊ အခုတော့ ၁၀၀ မှာ ၉၅ ရာခိုင်နှုန်းက စုစည်းပြီးသားဖြစ်နေတယ်။ အဲဒါက ကျနော်တို့ ညီလာခံရဲ့အမြတ်ဖြစ်တယ်” ဟု မှတ်ချက်ပြုပြောဆိုသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...