ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူရန် တောင်းဆို

ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူရန် တောင်းဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး တစ်ရပ် ခေါ်ယူပေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးမှ  ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအား ယနေ့ စာရေးတောင်းဆိုလိုက်သည်ဟု သိရသည်။

၎င်းတောင်းဆိုစာအား လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးကိုယ်စား မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက လက်မှတ်ရေးထိုး၍ တောင်းဆိုထားသည်။

ဦးမြသန်းရေးသားထားသောစာထဲတွင် လောလောဆယ်ပေါ်ပေါက်လာသော အများပြည်သူနှင့် သက်ဆိုင်သော အရေးတကြီး ကိစ္စရပ်များအပေါ် အရေးကြီးအဆိုများ ရခိုင်ပြည်နယ် လွှတ်တော်သို့ တင်သွင်းရန် ရှိပါသဖြင့် အထူး အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုကြောင်း ပါရှိသည်။

ရခိုင်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ  (၃၄) အရ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၄၇ ဦးအနက် အနည်းဆုံး ၄ ပုံ ၁ ပုံ တောင်းဆိုပါက လွှတ်တော်ကို ခေါ်ယူပေးရမည်ဟု သိရသည်။

ယင်းအထူးအစည်းအဝေးတွင် ၁၉၈၂ ဖြင့် မညီညွတ်သည့် နိုင်ငံသားစိစစ်နေမှုကိစ္စ၊ ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ပါ၀င်သည့် ရခိုင်ပြည်နယ်အရေး အကြံပေးကော်မတီကိစ္စများ ကိစ္စကို ဆွေးနွေးသွားမည်ဟု စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇော်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေး ကော်မတီ ကိစ္စကို တုန့်ပြန်ဖို့ လိုတယ်။ နိုင်ငံသား စိစစ်ရေးကိစ္စတွေကိုလည်း ဥပဒေနဲ့ မညီဘဲ လုပ်ဆောင် နေကြတာတွေကို တွေ့ရတယ်။ အဲ့ဒီကိစ္စတွေကို လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့အတွက် အထူး အစည်းအဝေး ကျင်းပပေးဖို့ တောင်းဆိုရတာဖြစ်ပါတယ်။ အဓိကကတော့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အရေး အကြံပေးကော်မတီကိစ္စဖြစ်ပါတယ်”ဟု သူက ပြောကြားသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...