သူတို့ သုံးဦးမှာ ကျော်ထွန်း၊ နိုင်ဝင်း၊ မောင်မောင် တို့ ဖြစ်ကြပြီး သူတို့နှင့်အတူ မော်တုတ်ကြီးရွာမှ ဆိုင်သည် လှမောင်၊ ဘဝိုင်း (မာရမာ)၊ ရော်နီ (မာရမာကြီး)၊ လင်းကြေးလူမျိုး ဂျူနီယာနှင့် ကျန်နှစ်ယောက်မှာ ကားသမားများ ဖြစ်ကြသည်ဟုဆိုသည်။
သူတို့အား ဘော်လီ ဘဇာနှင့် မော်တုတ်ကြီး အကြား ကားပေါ်မှ ဖမ်းမိခြင်း ဖြစ်ပြီး သူတို့ထံမှ ဆေးဝါးများ၊ ဖုန်း၊ LG အမျိုးအစား ရုပ်သံစက်များ ဖမ်းမိသည်ဟု ဆိုသည်။
သူတို့သည် ယခုလ ၁၉ ရက်နေ့က ဘင်ဒရိုဘင် ခရိုင်မြို့သို့ သွားခဲ့ပြီး ၂၄ ရက်နေ့တွင် ပြန်လာစဉ် နယ်စပ် ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းတွင် ဖော်ပြပါရှိသည်။
သူတို့အား Arakan Army အဖွဲ့ဝင် ဟုတ်/ မဟုတ်ကို စစ်ဆေးနေကြောင်းနှင့် ယခုအချိန်ထိ ရဲလက်သို့ မလွဲပြောင်းသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။







