ငလျင်ကြောင့်ထိခိုက်ခဲ့သော ပုဂံရှိ စေတီပုထိုးများကို လုံခြံုရေးချ ကာကွယ်

ငလျင်ကြောင့်ထိခိုက်ခဲ့သော ပုဂံရှိ စေတီပုထိုးများကို လုံခြံုရေးချ ကာကွယ်
by -
မဇ္ဈိမ
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် ပုဂံ၊ ညောင်ဦးရှိ ရှေးဟောင်းစေတီပုထိုးများတွင် ရဲတပ်ဖွဲ့များနှင့် စစ်တပ်များမှ လုံခြံုရေးယူထားကြောင်း မန္တလေး ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေး  ဦးစီမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေကပြောသည်။

"ယဉ်ကျေးမှုနယ်မြေအတွင်းကို တပ်ကော ရဲတပ်ရင်းတွေကော အလုံးအရင်းနဲ့ ၀င်လာပြီး အကုန်လုံးကို ပတ်လည်ဝိုင်းထားပြီးပြီ။ အပျက်အစီးကလည်း ရှေးဟောင်းက ခွင့်မပြုဘဲနဲ့ ရှင်းလင်းလို့ မရသေးဘူး။ အဲ့တော့ မန္တလေးမှာ ရိိှတဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ရှင်းဖို့လင်းဖို့ ရောက်လာကြပြီ။ ဒါပေမယ့် ရှေးဟောင်းက စစ်ဆေးလို့ ရှင်းလင်းလို့ ရပြီဆိုမှ စစ်ဆေးမယ်" ဟု ဦးသန်းထွဋ်ဆွေကပြောသည်။

နာမည်ကြီး ဘုရားများဖြစ်သည့် စူဌာမုဏိဘုရား ထီးလိုမင်းလိုဘုရား ရွှေဆံတော်ဘုရားများအပါအဝင် ထိခိုက်မှုရှိသည့် ဘုရားများအားလုံးလိုလို ၀င်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ၎င်းအပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုလည်း ပုဂံသို့ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

အင်အား ရစ်ချက်စတာစကေး ၆ဒသမ၈ အဆင့်ရှိပြီး မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းစေတီ ၂၄၁ ဆူ ထိခိုက်ခဲ့ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့က ယနေ့(သြဂုတ်လ ၂၅ရက်)ရက်စွဲ ဖြင့် သတင်းထုတ်ပြန်ထားသည်။

ငလျင်ကြောင့် မကွေးတိုင်းဒေသကြီးရှိ ရေနံချောင်းနှင့် ချောက်မြို့တွင် အများဆုံးထိခိုက်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့တွင် ရှေးဟောင်းစေတီဘုရား အချို့ ထိခိုက်ပျက်စီးခဲ့သည်။ ဓာတ်ပုံ-အီးပီကေ

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...