ငလျင်ကြောင့် မြောက်ဦးရှိ ရတနာမာန်အောင်၊ ကိုးသောင်းနှင့် ရတနာပုံ ရှေးဟောင်းဘုရားများ ထိခိုက်မှုရှိ

ငလျင်ကြောင့် မြောက်ဦးရှိ ရတနာမာန်အောင်၊ ကိုးသောင်းနှင့် ရတနာပုံ ရှေးဟောင်းဘုရားများ ထိခိုက်မှုရှိ
by -
နိရဥ္စရာ
ယနေ့ ညနေ ၅ နာရီ ၅ မိနစ်က ရစ်(စ်)တာ စကေး ၆ဒသမ ၈ ပြင်းအားဖြင့် လှုပ်ခတ်သွားသော ငလျင်ကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်း ဘုရားစေတီ အချို့ ပြိုပျက်သွားသလို မင်းပြား အထကကလည်း ကျောင်းနံရံများ ကွာကျ ပျက်စီးသွားခဲ့သည်ဟု သတင်း ရရှိသည်။

မြောက်ဦးမြို့ ရှေး/သု ညွှန်ကြားရေးမှူး ဦးငြိမ်းလွှင်က “ ရတနာ့မာန်အောင် စေတီ ထီးတော်နဲ့ ငှက်ပျောဖူး ပြိုကျပါတယ်။ ငှက်ပျောဖူး အထက် ပေ ၂၀  ပြိုကျပျက်စီးသွားခဲ့ပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းပြင် ကိုးသောင်းပုထိုးတော်ကြီးတွင်လည်း အရှေ့မြောက်ထောင့်က လိူင်ဂူ ပတ်လမ်း အတွင်းမှာ ကျောက်တုံး ၅ တုံးခန့် ပြိုကျပြီးတော့ နံရံတွင် ကပ်ထားသော ဘုရားရုပ်ထုတော် ၉ လက်မ အရွယ် ဆင်းထုတော် သုံးဆူ ပဲ့ကျသွားကြောင်း၊ ရတနာပုံစေတီမှာ ထီးတော် အောက်လုံး အရစ်မှာ ရွေးလုံး ကိုးလက်မလောက် ပျက်စီးသွားကြောင်း  ဦးငြိမ်းလွင်က ဆက်လက် ပြောကြားသည်။

“ လောင်းပွန်းပြောက်၊ ထူပါရုံ၊ အန္တရာယ်ရှိတဲ့ ဘားဘူတောင်၊ လောကမာန်အောင် မပျက်ပါဘူး။ ကျန်တဲ့ ဘုရားတွေ စစ်ဆေးနေတုန်းဘဲ ဖြစ်ပါတယ်။ အထိအခိုက်တော့ မရှိဘူး။  ရတနာမာန်အောင်မှာ လူရှိနေခဲ့ရင် သေနိုင်ပါတယ်” ဟု သူက ဆိုသည်။

njr2502a

အလားတူ မင်းပြားမြို့တွင်လည်း ကျောင်းလှေကားအနီးရှိ နံရံ ကွာကျ ပျက်စီးသွားခဲ့သည်ဟု ကျောင်းသို့ သွားရောက် ကြည့်ရှုခဲ့သူ မင်းပြားဒေသခံ ဦးမောင်ကျော်ဇံက ပြောကြားသည်။

တစ်ခြားမြို့များတွင်လည်း လူပ်ခတ်မှုများ ရှိသဖြင့် အပျက်အစီး သတင်းရရှိပါက ဆက်လက်တင်ပြပေးသွားပါမည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...