မောင်တောနယ်စပ်တွင် စိတ်ကြွဆေးပြား တစ်သိန်းကျော်နှင့် လူ ၄ ဦးကို ဖမ်းဆီး

မောင်တောနယ်စပ်တွင် စိတ်ကြွဆေးပြား တစ်သိန်းကျော်နှင့် လူ ၄ ဦးကို ဖမ်းဆီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား တစ်သိန်းကျော်နှင့် အတူ လူလေးဦးကို ဖမ်းဆီးမိသည်ဟု သတင်းရရှိသည်။

သြဂုတ်လ ၂၂ ရက် ညနေ ၄ နာရီကျော်အချိန်က ၎င်းရူးသွပ် စိတ်ကြွဆေးပြားများကို ဘင်္ဂလီ လေးဦးထံမှ သီးခြားစီ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောမြို့ နယ်ရဲတပ်ဖွဲ့ရုံးမှ ပြောသည်။

မောင်တော-တောင်ပြို ခရီးသည်တင်ကား ယဉ် 4B-6008 HINO အဖြူရောင်ပေါ်တွင် ဂျင်းကီး(၂၀)နှစ် (ဘ)အဒူလောက်၊ ဘာဒူဖကျေးရွာနေ၏ ထန်းလျက်နှီးခြင်း တောင်းထဲမှ ထန်းလျက်ခဲများနှင့် ရောထည့် ထားသည့် wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား  ၉၇၅၀၊ ကာလတန်ဖိုးအားဖြင့်  ၁၉၅ သိန်းဖိုးကို စတင် ဖမ်းမိခဲ့သည်။

နောက်ထပ် ဆက်လက် ရှာဖွေရာ ခရီးသည် ဒီမူဟာမောက် (၁၄)နှစ်၊ (ဘ)ရှော်ရှီတာမောက်၊ေ ဖွရှာရွာ၊ တောင်ပြိုလက်ဝဲမြို့နေသူထံမှ WYစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၉၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ရ၈၀ သိန်းဖိုးကို ထပ်မံ ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

၎င်းနောက် ဖာရု(၂၁)နှစ် (ဘ)အီနူးစ်၊ ဘာဒူဖကျေးရွာနေနှင့် နူရ်ဘော်ရှော့(၄၅)နှစ်၊ လသာ အထက်ရွာ နေသူတို့ ထံမှ wy စာတန်းပါ စိတ်ကြွဆေးပြား ၁၀၇၂၅၀ ပြား၊ ကာတန်ဖိုး ၂၁၄၅ သိန်းဖိုး ဖမ်းမိခဲ့သည်ဟု သိရသည်။

“မနေ့က မောင်တော-တောင်ပြို ခရီးသည်တင်ကားပေါ်မှာ ဖမ်းမိတာပါ။ ပထမမိတာက ၂ ယောက်ပါ။ ကားပေါ်မှာပဲနောက်တစ်ယောက် ဖမ်းမိတာပါ။တနေ့တည်းမှာပဲ စုစုပေါင်းဆေးပြား ၁၅၆၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၃၁၂၀ သိန်း၊ သုံးမှုကို ကားတစ်ကားပေါ်က တစ်နေ့တည်း ဖမ်းဆီး ရမိတာဖြစ်ပါတယ်” ဟု မောင်တောမြို့မ ခေတ္တရဲစခန်းမှူး ရဲအုပ်ဆန်းညွန့်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ပထမဆုံးဖမ်းဆီးခံရသူ ဂျင်းကီ၏ ထွက်ဆိုချက်အရ နောက်ထပ်ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ရဲအုပ်ဆန်းညွန်က ဆက်ပြောသည်။

“ကျွန်တော်တို့ သူကို စစ်ဆေးမေးမြန်းတဲ့အခါ  ကွင်းဆက်တရားခံတွေ ပြောပြပါတယ်။ သူပြောပြချက် အတိုင်း  စစ်ဆေးလိုက်တဲ့အတွက် နောက်ထပ် ဆက်နွယ်သူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တာပါ” ဟု ရဲအုပ်က ပြောသည်။

ဖမ်းဆီးရမိသည့်တရာခံများအား မောင်တောမြို့မရဲစခန်းတွင် ဂျင်းကီးအား မယ(ပ)၉/၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရလည်းကောင်း၊တရားခံဒီမူဟာမောက်အား မယ(ပ)၁၀/၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရလည်းကောင်း၊တရားခံ ဖာရုနှင့် နူရ်ဘောရှော့ တို့အား မယ(ပ)၁၁/၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မောင်တောမြို့နယ်မှာ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး တားဆီး ကာကွယ် နှိမ်နှင်းရေး၊ မူးယစ်ဆေးဝါး ဆိုးကျိုးများကို ပညာပေးဟောပြော မှုများ ပြုလုပ်နေကြောင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူ များကို တိုးမြှင့်ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရဲအုပ်ဆန်းညွန်က ဆိုသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...