ချင်းပြည်နယ်စည်ပင်ရွေးကောက်ပွဲ စက်တင်ဘာလကုန်ပိုင်းကျင်းပမည်

ချင်းပြည်နယ်စည်ပင်ရွေးကောက်ပွဲ စက်တင်ဘာလကုန်ပိုင်းကျင်းပမည်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် စည်ပင်ရွေးကောက်ပွဲကို လာမည့်စက်တင်ဘာလကုန်ပိုင်းတွင် မြို့နယ်အားလုံး၌ တပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

မြို့စည်ပင်သာယာရေးကော်မတီကို တစ်မြို့လျင် ရ ဦးစီဖြင့် ဖွဲ့စည်းမှာဖြစ်ပြီး ၎င်းအနက် ၄ ဦးကို လူထုက တိုက်ရိုက် မဲပေးရွေးချယ်ကာ ကျန် ၃ ဦးမှာ ပြည်နယ်အစိုးရမှ တိုက်ရိုက်ခန့်အပ်မည်ဟု ပြည်နယ်စည်ပင် ၀န်ကြီး ဆလိုင်း အိုက်ဇက်ခင်ကပြောသည်။

“ရွေးတဲ့အခါမှာ မြို့ မဲဆန္ဒနယ် ၄ နယ်ပိုင်းခြားသတ်မှတ်ပြီးတော့ ကိုယ့်မဲဆန္ဒနယ်အလိုက် ရွေးချယ်ပြီးတော့မှ တင် မြောက်မှာဖြစ်ပါတယ်၊ မြို့လူထုက ကိုယ့်ရဲ့မဲဆန္ဒနယ်မှာ ကိုယ့်မြို့ရဲ့စည်ပင်သာယာရေးလုပ်ငန်းများကို တာဝန်ယူဆောင် ရွက်မယ့် ပုဂ္ဂိုလ်တွေကို တိုက်ရိုက်မဲပေးရွေးချယ်နိုင်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်၊ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်မှု များ တော်တော်များများပြီးနေပါပြီ’’ ဟု စည်ပင်ဝန်ကြီးကပြောသည်။

စည်ပင်ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသော ပုဂ္ဂိုလ်များအနေဖြင့် မိမိနာမည်ကို စာရင်းတင်သွားရမှာဖြစ်ပြီး ယခင် ကဲ့သို့ မြို့မိမြိုဖ၊ ထွေအုပ်နှင့် စည်ပင်ဘက်မှ ရွေးချယ်ပေးသည့်ပုံစံမျိူးရှိတော့မည်ဟုတ်ဟု သိရသည်။

စည်ပင်ရွေးကောက် ပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်း ၄ ခုဖြစ်သည့် အေးချမ်းမြန်မာအင်စတီကျူ့၊ နယူူးမြန်မာ ဖောင်ဒေးရှင်း၊ ပျိူးပင်နှင့် Hornbill Organization စသည်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၀န်ကြီးက ဆက်ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...