ရသေ့တောင်မြို့နယ်တွင် ကူးတို့လှေနစ်ရာမှ ကျောင်းသူ လေးဦးပျောက်ဆုံးနေ

ရသေ့တောင်မြို့နယ်တွင် ကူးတို့လှေနစ်ရာမှ ကျောင်းသူ လေးဦးပျောက်ဆုံးနေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရန်အောင်ပြင် အထက်တန်းကျောင်းသို့ ကျောင်းတက်လာသည့် ကျောင်းသူ လေးဦးမှာ စျီးကုန်းတန်း ကူးတို့ လှေနစ်ရာတွင် ပျောက်ဆုံးနေသည်ဟု သတင်း ရရှိသည်။

njr1901ပျောက်နေသည့် မိန်းခလေး ၄ ဦးစလုံးမှာ ကျောက်စာတိုင်ကျေးရွာမှ ဖြစ်ကြောင်း၊ ၉ တန်းကျောင်သူ တစ်ဦး၊ ခုနှစ်တန်း ကျောင်းသူ နှစ်ဦးနှင့် ခြောက်တန်းကျောင်းသူ တစ်ဦးတို့ ဖြစ်ကြသည်ဟု သိရှိရကြောင်း အခင်း ဖြစ်ပွားရာနေရာသို့ ရောက်နေသူ ဦးမောင်ကျန်ဝေက နိရဥ္စရာသို့ ပြောကြားသည်။

“ ဒီကနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ စျီးကုန်းတန်းကနေ ရန်အောင်ပြင်ကို ကူးတို့လှေ ကူးတာမှာ နစ်တာပါ။ စုစုပေါင်း လှေပေါ်မှာ ကျောင်းသား ကျောင်းသူ ၁၇ ဦးပါ၀င်ပါတယ်။ ကျန်တဲ့ ကျောင်းသားတွေက အသက်ဘေးက လွတ်မြောက်သွားပေမယ့် ကျောင်းသူ လေးဦးက အခု ထက်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

လှေနစ်ပျောက်ဆုံးနေသည့် ကျောင်းသူများမှာ

၁။ မဦးတင်မေဦး- ၉ တန်း (ဘ) ဦးစိန်ယဉ်မောင်၊ ကျောက်စာတိုင်ကျေးရွာ

၂။ မနီနီအေး – ရ တန်း (ဘ) ဦးစိန်ယဉ်မောင်၊ ကျောက်စာတိုင်ကျေးရွာ

၃။  မခိုင်ဖြိုးဝေ ၅ တန်း (ဘ) ဦးမောင်သန်းတင်၊ ကျောက်စာတိုင်ကျေးရွာ

၄။ မတင်မေဦး ၅ (ဘ) ဦးအောင်ကျော်မိုး၊ ကျောက်စာတိုင် ကျေးရွာတို့ ဖြစ်ကြသည်။

 ကူးတို့သမားက ထွက်ပြေးသွားသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်မှ ယခု ဖြစ်ရပ်မှာ ဟုတ်မှန်ကြောင်း၊ ယခုအခါ အခင်းဖြစ်ပွားရာ စျီးကုန်းတန်းနှင့် ရန်အောင်ပြင်သို့  အမြန်စက်လှေနှင့် သွားနေကြောင်း ပြောကြားသည်။

ယခုနှစ် ဇွန်လ ၁ရက် ကျောင်းဖွင့်သည့်နေ့ကလည်း ပိုးရီပြင် အထက်တန်းကျောင်းသို့ ကျောင်းလာတက်သည့် ကျောင်းသား ကျောင်းသူ ခုနှစ်ဦး ကူးတို့ စက်လှေ နစ်ရာမှ သေဆုံးခဲ့ကြသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...