တောင်ကုတ် (မဘသ) မှ ဗုဒ္ဓဘာသာ မေတ္တာ အခါတော်နေ့ ကျင်းပ

တောင်ကုတ် (မဘသ) မှ ဗုဒ္ဓဘာသာ မေတ္တာ အခါတော်နေ့ ကျင်းပ
by -
နိရဥ္စရာ
တောင်ကုတ်မြို့ မဘသ မှဦးဆောင်ပြီး တတိယ အကြိမ်မြောက် မေတ္တာအခါတော်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို  ဝါခေါင်လပြည့်နေ့သြဂုတ်လ ၁၈ တွင် တောင်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

“ ၀ါခေါင်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့ မြတ် ဖြစ်သည့်အတွက် မေတ္တာ အခါတော်နေ့ကို အထိမ်းအမှတ်ပြုလုပ် ကျင်းပရခြင်း ဖြစ်ကြောင်း” စီစဉ်သူ ဦးဇင်း တစ်ပါးက ပြောသည်။

ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ တောင်ကုတ်မြို့မှ သံဃာတော် အပါး ၃၀၀ ကျော် ကြွရောက်ခဲ့သည်ဟု သိရသည်။

ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို တောင်ကုတ်မြို့ မဘသ မှဦးဆောင် ကျင်းပပြုလုပ်လာခဲ့ရာ ယခုနှစ်သည် မဘသ၏ တတိယအကြိမ်မြောက် ဖြစ်ကြောင်း၊  ဆွမ်းဆန်စိမ်းအလှူခံကို တောင်ကုတ်မြို့ အတွင်းရှိ ပရဟိတ အသင်းများဖြစ်ကြသော ရိုးမသဇင်လူငယ်အဖွဲ့၊  ပစ်တိုင်းထောင်အဖွဲ့၊  သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့၊  ရိုးမရင်ခွင်ပညာရေးအဖွဲ့ နှင့် အခြားအသင်းအဖွဲ့များမှ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

IMG 20160818 135045

ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို နေ့လယ် ၁ နာရီကျော်တွင်  တောင်ကုတ်မြို့ ဓမ္မာရုံမှ  စတင်ခဲ့ပြီး သာသနာ့ အလံတော်များကို အစိအရီ လွှင့်ထူ၍လည်းကောင်း၊ ဘုရားဆင်းတော်များကို ပင့်ဆောင်၍ လည်းကောင်း မြို့ထဲရှိလမ်းများတွင် ညီညာဖြဖြ စီတန်း လှည့်လည်ခဲ့ကြသည်ဟု သိရသည်။

ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ရခိုင်မင်္ဂလာစည်တော် အဖွဲ့မှလည်း စည်တော်များကို တီးခတ်ခဲ့သည်ဟု သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...