ဘူးသီတောင်မြို့ အေးစေတီကျောင်းတိုက်၌ သြဂုတ်လ ၁၇ ရက် နေ့က ပြုလုပ်ခဲ့သော နိုင်ငံသား စိစစ်ရေး ကော်မတီဝင် ၆ ဦးအားကန့်ကွက် ရှုံ့ချသည့် လူထုစည်းဝေးပွဲတွင် အထက်ပါအတိုင်းကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
“ဦးဇင်းတို့ အဓိကကတော့ ဘင်္ဂါလီလူမျိုး ၃၈ ဦးထဲမှ ၂၉ ဦးကို မြို့နယ်အဆင့် နိုင်ငံသား စိစစ်ရေး ကော်မတီ ဝင် ၆ ဦးက ဒီလ ၁၃ ရက်နေ့က ဒေသခံများနှင့် အရပ်ဖက် လူမှု အဖွဲ့အစည်းတွေကို အသိပေးခြင်းမရှိဘဲ နိုင်ငံသား ပြုခွင့်ရသူအဖြစ် စိစစ် ထောက်ခံပေးလိုက်တဲ့ အတွက် ဒေသခံတွေက ကျေနပ်မှုမရှိဘူး။ ဒါကြောင့် ဒီလုပ်ရပ်ကို ဒီလူ ၆ ယောက်ကို လုံးဝ ကန့်ကွက်ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် စည်းထိမ်းမှ အတွင်းရေးမှူး ဆရာတော် ဦးနာယကမှ နိရဥ္စရာသို့မိန့်ဆိုသည်။
ကန့်ကွက် ခံရသူ ၆ ဦးမှာ အုပ်ချုပ်ရေးမှူး ဦးတင်လတ်၊ ရဲတပ်ဖွဲ့မှူး ဦးသောင်းဝေ၊ ဥပဒေအရာရှိ ဦးဇေယျာလင်း၊ လဝကဦးစီးမှူး ဦးဝင်းနိုင်ထွေး၊ စည်ပင်ဦးစီးအရာရှိ ဦးခင်မောင်ဇံနှင့် စီမံကိန်း ဦးစီးအရာရှိ ဦးစိုးလှိုင်တို့ဖြစ်ကြောင်း သိရသည်။
“ ယခုကော်မတီကို ဒေသခံလူထုပါဝင်တဲ့ ကော်မတီသာ ဖြစ်စေလိုပြီး တိကျမှန်ကန်တဲ့ စစ်ဆေးမှုမျိုး လိုချင်တာကြောင့် သူတို့ လုပ်ရပ်ကို ကန့်ကွက်ရတာ ဖြစ်ပါတယ်” ဟု ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။
လူထု အစည်းအဝေးတွင် ဘူးသီးတောင်မြို့နယ်မှ နိုင်ငံသားစိစစ်ရေး ကော်မတီဝင် ၆ ဦးတို့အား အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ကြေငြာခဲ့သည့်အပြင် ဘူးသီးတောင်မြို့ရခိုင်လူမျိုးတို့၏ နေအိမ်များကိုလည်း “အိမ်ရောင်းမည်” ဟု ဆိုင်းဘုတ်များကပ်ကာ ကမ်ပိန်းတစ်ခုကိုလည်း လူပ်ရှား ပြုလုပ်ခဲ့ကြသည်ဟု အမျိုးသားရေး တက်ကြွလှုပ်ရှာ ရှားသူ ကိုဇော်ဝင်းက နိရဥ္စရာသို့ ပြောသည်။
“အဓိကတော့ ကျွန်တော်တို့ ဘင်္ဂါလီတွေကို အခုလိုသာ ဥပဒေမဲ့စွာ နိုင်ငံသားပြုခွင့် အတည်ပြု ပေးနေမယ်ဆိုရင် တိုင်းရင်းသားတွေအနေနဲ့ ရှေ့ဆက်ပြီးတော့ ဒီနေရာဒီဒေသမှာ နေဖို့ခက်လာလိမ့်မယ်။ ဒါကြောင့် သူတို့အိမ်ရောင်းပြီးတော့ နောက်တစ်နေရာကို ပြောင်းရတော့မယ် ဆိုတဲ့သဘောမျိုး ဆိုင်းဘုတ် ကပ် ကမ်ပိန်း လုပ်ကြတာပါ” ဟု သူက ဆက်ပြောသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဘင်္ဂလီ လူဦးရေ တစ်နေ့ထက် တစ်နေ့ အဆမတန် တိုးပွားလာနေသဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအတွက် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေချိန်တွင် ယခုကဲ့သို့ ဒေသခံ လူမှုအဖွဲွှ့အစည်းများကို တစ်စုံ တစ်ရာ တိုင်ပင်ညှိနှိုင်းခြင်း မရှိဘဲ ပြုနိုင်ငံသား ဖြစ်ရန် ထောက်ခံ ပေးလိုက်သည့် အပေါ် ဒေသခံများ အနေဖြင့် ကန့်ကွက်ရှုံ့ချနေကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့တွင် သြဂုတ် ၁၇ ရက် နေ့လယ် ၁ နာရီ အချိန်က ပြုလုပ်ခဲ့သည့် လူထု အစည်းအဝေး သို့ ရဟန်းသံဃာတော်များ အါအဝင် မြို့ခံလူထု ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
နိုင်ငံသား စိစစ်ရေး ကိစ္စနှင့် ပတ်သက်ပြီး လုပ်ဆောင်နေရာတွင် ပွင့်လင်းမြင်သာမှု အားနည်းနေသဖြင့် ရခိုင့်အမျိုးသားပါတီ ANP ပါတီမှ ပြည်နယ်အစိုးရအား တွေဆုံးဆွေးရန် ကမ်းလှမ်းထားကြောင်းလည်း သိရသည်။







