ချင်းပြည်နယ်ရှိ တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရန် သမဂ္ဂဖွဲ့စည်းဆောင်ရွက်မည်

ချင်းပြည်နယ်ရှိ တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရန် သမဂ္ဂဖွဲ့စည်းဆောင်ရွက်မည်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ အခွင့်အရေးများ စောင့်ရှောက်ကာကွယ်နိုင်ရန် အတွက် တောင်သူ လယ်သမားသမဂ္ဂဖွဲ့စည်းပြီး လုပ်ငန်းများ စနစ်တကျဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်းသတင်းရရှိသည်။

“အခုတော့ တရားဝင်အဖွဲ့ ဖွဲ့နိုင်ဖို့ အခြေအနေမရှိသေးတော့ နောက်နောင်မှာ ဘယ်လိုလုပ်ငန်း ဆောင်ရွက် သွားမလဲ ဆိုတာကိုလည်း သေသေချာချာ မချမှတ်သေးပါဘူး။ ဒီလ (၁၆) ရက်နေ့ကနေ ဂန့်ဂေါမြို့မှာ တနိုင်ငံလုံး ဆိုင်ရာ တောင် သူလယ်သမား ဆိုင်ရာ သင်တန်းဖွင့်လှစ်နေပါတယ်၊ အဲဒီမှာ ကျတော်တို့ ဥက္ကဋ္ဌ ကိုယ်တိုင် တက်ရောက်နေတယ်၊ ဥက္ကဋ္ဌ သင်တန်းကနေ ပြန်ရောက်လာမှဘဲ ဘယ်လိုလုပ်ငန်း အကောင်အထည် ဖေါ်ဆောင်ရွက် မလဲ ဆိုတာ ပြန်လည် သုံးသပ်သွားမှာပါ” ဟု ထန်တလန်မြို့ တောင်သူလယ်သမား သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဦး ဗန်ဘွေးလျန်က ဆိုပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့၌ ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁၆) ရက်မှာ ဖွဲ့စည်းခဲ့သည့် Lothlo Committee (ခေါ်) တောင်သူလယ် သမားသမဂ္ဂသည် ဘိုးဖွားပိုင် တောင်ယာ၊ လယ်ယာနှင့် ဥယာဉ်ခြံများကို သက်ဆိုင်ရာ အာဏာ ပိုင်များက သိမ်းပိုက်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဟားခါးပို့စ်သတင်းစာတွင်ဖေါ်ပြထားသည်။

ဤအဖွဲ့သည် အစိုးရက တရားဝင် အသိအမှတ်ပြုသည့် အဖွဲ့အစည်းမဖြစ်သေးသည့်အတွက် သက်ဆိုင်ရာ ချင်းပြည်နယ်အစိုးရနှင့် လုပ်ငန်းအတူတကွလုပ်ဆောင်ရန် အခက်အခဲရှိနေသေးကြောင်း၊ အကယ်၍ တရား ၀င် အဖွဲ့အစည်းဖြစ်လာပါက သက်ဆိုင်ရာ
အစိုးရဌာနများနှင့် လုပ်ငန်းအတူတကွ လုပ်ဆောင်ရန် အလား အလာ ရှိကြောင်း အဖွဲ့၏ ဒုက္ကဋ္ဌဖြစ်သူက ဆိုပါသည်။

ယခုအစိုးရသည် ဒီမိုကရေစီအစိုးရ ဖြစ်သည်နှင့်အညီ ဘိုးဖွားမြေ မတရားသိမ်းဆည်းမှု၊ ကျုးကျော်မှုများကို  ဖြေရှင်း ပေးနိုင်ရန် ရည်ရွယ်
ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျတော်တို့ ချင်းပြည်နယ်မှာ ဘိုးဖွားစဉ်ဆက် နှစ်ရာချီနေရာလာခဲ့တဲ့လူမျိုးပါ၊ အဲဒီအချိန်မှာ ကိုယ့်မင်းကိုယ့်ချင်း
စနစ်နဲ့ နေလာခဲ့တာဘဲ၊ အစိုးရ တစ်ရပ်ပေါ်လာပြီးမှာသာ ဥပဒေပြဌာန်းပြီးတော့ နိုင်ငံပိုင် အဖြစ် သတ်မှတ်လာတာပါ။ ချင်းလူမျိုးတွေရဲ့ ဘိုးဖွားပိုင်နယ်မြေကိုတော့ အသိအမှတ်ပြုသင့်တယ်” ဟု ဟားခါး ဒေသခံတဦးက ဆိုပါတယ်။

ယခုအခါ ချင်းပြည်နယ် ဟားခါးမြို့ပေါ်၌ ဘိုးဖွားပိုင်နယ်မြေကိစ္စကို အဓိက ဖြေရှင်းရမည့် အခြေအနေဖြစ်နေပြီး ချင်းပြည်နယ် ၏မြို့တော် ဟားခါး တည်ဆောက်နိုင်ရန် နယ်မြေကိစ္စအရေး အငြင်းခုန်ဖြစ်နေကြောင်းသတင်းရရှိသည်။

 ထို့အပြင် ချင်းလူမျိုးများသည် (Chin Act Regulation) ဥပဒေဖြင့် နေထိုင်လာခဲ့သည့် လူမျိုးဖြစ်လာသည်နှင့်အညီ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော် သည် ပြည်သူလူထုဖြစ်ကြောင်းကို နားလည်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုသင့်ကြောင်း ဟားခါးဒေသခံ တစ်ဦးက ရှင်းပြ ထားသည်။

ဤအဖွဲ့က ချင်းပြည်နယ်တွင် (၈၀) ရာခိုင်နှုန်းကျော်ရှိသည့် တောင်သူလယ်သမားများ၏ နယ်မြေဆုံးရှုံးမှု အချက်အလက်များကို ကောက်ခံပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် မည်ကဲ့သို့ လုပ်ငန်းဆောင်ရွက်မည်ကို လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...