ရသေ့တောင်တွင် လေဆင်နှာမောင်းတိုက်၍ အိမ်များ ပြိုပျက်

ရသေ့တောင်တွင် လေဆင်နှာမောင်းတိုက်၍ အိမ်များ ပြိုပျက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မီးညိုထောင့်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်ခံရ၍  အိမ် ၁၁ လုံး ပြိုပျက်သွားခဲ့ပြီး ထိုအထဲတွင် အိမ်သုံးလုံး၏ ခေါင်းမိုးများအားလုံး လွှင်ပါသွားခဲ့သည်ဟု သတင်း ရရှိသည်။

“ လုံးဝ ပြိုပျက်သွားတာ သုံးဆောင်ပါ။ အိမ်ခေါင်းမိုးတွေကို  ရှာမရလိုက်ဘူး။ တစ်မိုင်လောက် လွှင့်ပါသွားတယ်။ သုံးဆောင်ထဲက တစ်ဆောင် ခေါင်းမိုးဘဲ ပြန်ရှာရတယ်။ ကျန်တဲ့ ရှစ်ဆောင်က တစ်ဝက်တစ်ပျက် ပြိုသွားပါတယ်။ ခေါင်းမိုးတွေ လန်ကျသွားတယ်။ ထရံတွေ ကွာကျသွားပါတယ်” ဟု မီးညိုထောင့်ရွာသား ကိုပြေစိုးက ပြောသည်။

လေဆင်နှာမောင်းမှာ သြဂုတ်လ ၁၆ ရက်နေ့ ည ၈ နာရီ ၄၅ ခန့်တွင် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး အိမ်လုံးဝ ပြိုပျက်သွားခဲ့သည့် ပိုင်ရှင်များမှာ  ဒေါ်ချစ်စောဖြူ၊ ဦးမောင်လှဝင်းနှင့် ဦးမောင်ထွန်းအေးတို့ ဖြစ်ကြသည်ဟု သူက ဆက်လက် ပြောကြားသည်။

Storm 2

မြို့နယ် အာဏာပိုင်များ ယနေ့ ၎င်းရွာသို့ ရောက်ရှိလာပြီး လုံးဝ ပြိုပျက်သွားခဲ့သည့် အိမ်ပိုင်ရှင်များကို ကျပ် (၂) သိန်းနှင့် တစ်ဝက် တစ်ပျက် ပြိုပျက်သွားသူ အိမ်ပိုင်ရှင်များကို ကျပ် (၅) သောင်းစီ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...