ရခိုင်ပြည်နယ်အတွင်း တံတားများကြံ့ခိုင်မှု အားနည်း၍ ၁၆ တန်အထက် ယာဉ်များကို သွားလာခွင့် ယာယီပိတ်

ရခိုင်ပြည်နယ်အတွင်း တံတားများကြံ့ခိုင်မှု အားနည်း၍ ၁၆ တန်အထက် ယာဉ်များကို သွားလာခွင့် ယာယီပိတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အတွင်း တည်ရှိသော ဘေလီ တံတားများ၏ ကြံ့ခိုင်မှု အားနည်းသဖြင့် ၁၆ တန် အထက် ယာဉ်များကို သွားလာခွင့်မပြုတော့ဘဲ ယာယီပိတ်ထားတော့မည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမူကြောင့် ပြည်ထောင်စု လမ်းမကြီးနှင့် ပြည်နယ် လမ်းများ ဖြစ်ကြသော (မင်းဘူး-အမ်း- စစ်တွေ)လမ်း၊ (ပန်းတောင်-တောင်ကုတ်) လမ်း၊ (ရန်ကုန်-ကျောက်ဖြူ) လမ်း၊ (တောင်ကုတ်-သံတွဲ) လမ်း၊ (ငါးသိုင်းချောင်း-ဂွ) လမ်း၊ (သံတွဲ- ဂွလမ်း)၊ (အမ်း-ပဒဲကြော-မအီ) လမ်းတို့တွင် ရေကြီးရေလျှံမှု၊ မြေပြိုကျမှုများ ဖြစ်ပေါ်၍ လမ်း/တံတားအချို့ ပျက်စီးပြီး ဘေလီ/သစ်သားတံတားများ ကြံ့ခိုင်မှု အားနည်းနေသဖြင့် (၁-၇-၂၀၁၆) ရက်နေ့မှ (၁၆-၁၀-၂၀၁၆) ရက်နေ့ထိ (၁၆) တန်ကုန်တင်ယာဉ်များကိုသာ ဖြတ်သန်းသွားလာခွင့်ပြုတော့မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံ၏ သြဂုတ်လ ၅ ရက်နေ့က ညွှန်ကြားရေးမှူး၊ လမ်းဦးစီးသို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။

အဆိုပါ ညွှန်ကြားချက်ကြောင့် ၀င်ရိုး (၃) ချောင်းပါ (၈) ဘီးနှင့် အထက် ကုန်တင်ယာဉ်များအား ယခုအခါ ဖြတ်သန်းသွားလာခြင်း မပြုတော့ကြောင်း သိရသည်။

image 0 02 01

သို့သော်လည်း ရှမ်းပြည်နယ် အောင်ပန်းနှင့် မန္တလေးဘက်မှ (၁၆) တန်အထက် ကားများမှာ ယခုထက်ထိ သွားလာနေဆဲ ဖြစ်ပြီး အမ်းမြို့နယ်တွင် ရှိသော လမ်းတံတားကြေးကောက်ခံရန် ဆောက်လုပ်ရေးမှ လေလံရထားသူများမှ သွားလာခွင့်ပြုပေးနေကြောင်း သိရသည်။

အမည်မဖော်လိုသူ ကုန်တင်ယာဉ် ပိုင်ရှင် တစ်ဦးက “ တစ်တိုင် (တစ်ဖွဲ့) ကိုတော့ ပိုက်ဆံယူပြီး ခွင့်ပြုတယ်။ နောက်တစ်တိုင် (နောက်တစ်ဖွဲ့) ကျရင် ခွင့်မပြုဘူး။ ဒီလိုမျိုးတော့ မညီမမျှ မဖြစ်သင့်ဘူး” ဟု ပြောဆိုသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...