သြဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်က တောင်ဥက္ကလာပ မြို့နယ်၊ (၉)ရပ်ကွက်ရှိ အားကစားပန်းခြံ အား ပြန်လည်ခွင့်ပြုပေးနိုင်ပါရန်နှင့် မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ " လက်ရှိ အခြေအနေအနေတွင် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ ့ဖြိုးရေးပါတီ အမည် ဖြင့်သာ ဆက်လက်တည်ရှိမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ့ ကိုယ်စားရှင်းလင်း ဖြေကြား အပ်ပါ သည် " ဟု ဆောက်လုပ်ရေး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ဖြေကြားသည်။
တောင်ဥက္ကလာပမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၉) ၊ မြေကွက်အမှတ် (၁၀၁၉) ၊ ဧရိယာ (၀.၃၉) ဧက အမည် ပေါက် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ ့ဖြိုးရေးအသင်း ဌာနချုပ်ဟု မြေငှါးစာချုပ်အမှတ် အမှတ် ၊၁/တဥ-၇၇၁ /၂၀၀၂ အရ ၉.၆.၂၀၀၂ ရက်စွဲဖြင့် နှစ် (၆၀) မြေငှါးစာချုပ် ဂရန် ခွင့်ပြုထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ပြည်ခိုင်ဖြိုးအသင်း အမည်ပေါက်မြေအဖြစ်မှ ပြည်ခိုင်ဖြိုးပါတီ အမည်ပေါက်မြေအဖြစ် ၁၆.၆.၂၀၁၄ ရက်နေ ့ရန်ကုန်မြို ့ တော်စည်ပင်သာယာရေး ကော်မတီဝင်များ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၁၄) တွင် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၃) ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း အခန်းတွင် " နုုိင်ငံတော်ပိုင် ငွေ၊ ကြေး ၊ မြေ၊ အိမ် ၊ အဆောက်အအုံ ၊ ပစ္စည်းငွေကြေး တို ့ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲသည့် အ ဖွဲ ့အစည်းဖြစ်ပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ ဟု ပြဌာန်းထားကြောင်း ဒေါက်တာစောနိုင် က လွှတ်တော်သို့ တင်ပြသည်။
ဒေါက်တာစောနိုင်၏ တင်ပြချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ ့နှင့် ညှိနှိုင်း ဆောင်ရွက်ရန် ပြည်သူ ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။







