နိုင်ငံသားစိစစ်ရေးကိစ္စ ဆွေးနွေးရန် ပြည်နယ်အစိုးရကို ANP ကမ်းလှမ်း

နိုင်ငံသားစိစစ်ရေးကိစ္စ ဆွေးနွေးရန် ပြည်နယ်အစိုးရကို ANP ကမ်းလှမ်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် နိုင်ငံသား စီစစ်ရာတွင် ပွင့်လင်းမြင်သာမှု အားနည်းနေသည်ဟုဆိုကာ NLD ဦးဆောင်သည့် ရခိုင်ပြည်နယ် အစိုးရကို ရခိုင်အမျိုးသားပါတီမှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလိုက်သည်ဟု သတင်း ရရှှိသည်။

ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက “နိုင်ငံသား စိစစ်ရေး လုပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုမရှိဘူး။ အဓိကတော့ စိစစ်ရေး မြို့နယ် ကော်မတီဖွဲ့ကတည်းက အရင်ကပါခဲ့တဲ့ သက်ဆိုင်ရာဒေသမှာ ရှိတဲ့ ဥပဒေနဲ့ ဒေသ အခြေအနေကို ကောင်းစွာ နားလည်သူ နှစ်ဦးကို ဒီကော်မတီက ထုတ်ထားတာကို ပြန်လည် ထည့်ပေး ဖို့တောင်းဆိုထားတယ်။ ဒါပေမယ့် မျက်ကွယ်ပြုပြီး လုပ်နေတာတွေ ရှိတဲ့ အပြင် နိုင်ငံသား စိစစ်ရေးနဲ့ ပတ်သက်ပြီး တစ်ခြား ကိစ္စရပ်တွေလည်း ရှိနေတဲ့ အတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

တစ်ခြား ကိစ္စရပ်များထဲတွင် ပြီးခဲ့သည့် အစိုးရလက်ထက်က ဘူးသီးတောင်မြို့နယ်တွင်  နိုင်ငံသားဖြစ်ခွင့် စိစစ်ဖို့ တင်ထားသည့် ဘင်္ဂလီ လူမျိုး ၃၈ ဦးထဲမှ  ၂၉ ဦးကို နိုင်ငံသား စိစစ်ရေးကော်မတီမှ  ပြန်လည် မစစ်ဆေးဘဲ နိုင်ငံသားပြုခွင့်ရသူများ အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယင်းသို့ သတ်မှတ်ခြင်းမှာ ပွင့်လင်း မြင်သာမှု မရှိသလို တိကျမှန်ကန်မှုလည်း မရှိကြောင်း၊ သို့အတွက် ဆွေးနွေးရန် ကမ်းလှမ်းရခြင်းဖြစ် ကြောင်း ဦးခိုင်ပြည်စိုးက ပြောဆိုသည်။

“အစိုးရရဲ့ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ကို ဗဟိုကလုပ်ရင်လည်း လူထုကိုချပြပြီး လုပ်ဖို့လိုသလို  ပြည်နယ် အစိုးအနေနဲ့လည်း ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့  ပြန်လည်တွန်း အားပေးဖို့လိုပါတယ်။ ပြည်နယ် အစိုးရအနေနဲ့ ဆိုရင် ၁၉၈၂ ခုနှစ် ဥပဒေနဲ့ စိစစ်မှု လုပ်နေတာကို ဒေသအတွင်းက မြို့ခံ လူထုတွေကို ရှင်းပြဖို့လိုပါတယ်။ ဒါမှမဟုတ်ဘဲ ခုလိုသာ ခိုးကြောင် ခိုးဝှက်သဘောနဲ့ လုပ်နေမယ် ဆိုရင် အတော်စိုးရိမ်စရာအခြေအနေကို ရောက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်ပြည်စိုးမှ ဆက်ပြောဆိုသည်။

ANP ပါတီမှ သူတို့ ကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးထံမှ တုန့်ပြန်မှုကို စောင့်မျှော်နေကြောင်း၊  အချိန် ရ  ရက် သတ်မှတ် ပေးထားကြောင်း၊ ရ ရက်အတွင်း တစ်စုံတစ်ရာ မတုန့်ပြန်ဘဲ ကမ်းလှမ်းမှုကို  မျက်ကွယ်ပြုလျှင် ပါတီအနေဖြင့် လုပ်သင့် လုပ်ထိုက်သည်များကို စီစဉ်ဆောင်ရွက် လုပ်ကိုင် သွားရမည်ဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ပြောဆိုသည်။

ယခုလိုကမ်းလှမ်းမှုနှင့် ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရ၏ သဘောထားကို သိလိုသဖြင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ တုန့်ပြန် ဖြေကြားခြင်းမရှိပါ။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...