တနိုင်းတွင် တပ်မတော်နှင့် KIA ကြား တိုက်ပွဲ ပြင်းထန်

တနိုင်းတွင် တပ်မတော်နှင့် KIA ကြား တိုက်ပွဲ ပြင်းထန်
by -
မဇ္ဈိမ
ဓာတ်ပုံ-ခင်စုကြည် မဇ္စျိမ
ဓာတ်ပုံ-ခင်စုကြည် မဇ္စျိမ
ကချင်ပြည်နယ် တနိုင်းမြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှထူးဇွပ်ကျေးရွာအနီး မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့အကြား သြဂုတ်လ လဆန်းမှစတင်၍ ယနေ့ထိ တိုက်ပွဲ များပြင်းထန်နေပြီး စစ်ပြေး ဒုက္ခ သည် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သြဂုတ်လ ၁၅ ရက် နံနက် ၆ နာရီမှ စတင်၍ မွန်းလွဲပိုင်းအထိ ချောင်းဆုံကျေးရွာအနီးတွင် KIA တပ်မဟာ ၂ လက် အောက်ခံ တပ်ရင်း ၁၄ နယ်မြေအတွင်း မြန်မာ့တပ်မတော်က ထိုးစစ်ဆင်မှုများကြောင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ် ပွားနေသည်ဟု ဝါရာဇွပ်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလမုန်နော်ဒီးက ပြောသည်။

“ဒီမနက် ၅ နာရီကနေ ၁၁ နာရီကျော်လောက်ထိ တိုက်ပွဲဖြစ်နေတယ်။ ခုတော့ ငြိမ်နေတယ်။ ရှထူးဇွပ်အနောက်ဘက် ချောင်းဆုံဘက်မှာ ဖြစ်နေတယ်။ လက်နက်ကြီးနဲ့ ပစ်တာတွေ ကြားနေရတယ်”ဟု ဦးလမုန်နော်ဒီးက မဇ္စျိမကို ပြောသည်။

မြန်မာ့တပ်မတော်နှင့် KIA တပ်ရင်း ၁၄ ရှေ့တန်း တပ်ဖွဲ့တို့ ယမန်နေ့အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ယနေ့တွင် တိုက်ပွဲ သတင်း မသိရသေးသော်လည်း တပ်မတော်ဘက်မှ ဆုတ်ခွာခြင်း မရှိသဖြင့် တိုက်ပွဲ ဆက်လက် ပြင်းထန်လာမည့် အခြေအနေတွင် ရှိနေသည်ဟု KIA ၏ ပြန်ကြာရေးတာဝန်ခံ တစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဒီနေ့ တိုက်ပွဲသတင်းက ခုထိမရသေးဘူး။ ဖြစ်တော့ ဖြစ်မှာပါ။ တပ်မတော်ဘက်ကလည်း ပြန်ဆုတ်သွားတာ မရှိသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...