တောင်ကုတ် အရက်ပိတ်ပင်ရေး လူထု ထောင်ချီ ဆန္ဒပြပွွဲ အမျိုးသမီးများ အဓိက ပါ၀င်ဆင်နွှဲ

တောင်ကုတ် အရက်ပိတ်ပင်ရေး လူထု ထောင်ချီ ဆန္ဒပြပွွဲ အမျိုးသမီးများ အဓိက ပါ၀င်ဆင်နွှဲ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တောင်ကုတ်မြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က အရက်သေစာ ရောင်းစားမှု ပပျောက်ရေး အတွက် ဆန္ဒဖော်ထုတ်ပွဲ  တစ်ခုကို ပြုလုပ်ရာ အမျိုးသမီးရာပေါင်းများစွာက အဓိက နေရာက ပူးပေါင်း ပါ၀င်ခဲ့ကြသည်ဟု သတင်းရရှိသည်။

 “ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ပွဲ လုပ်ရတာဟာ အရက်သေစာသောက်စားမှုတွေပပျောက်ရေးကို ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲကို အမျိုးသမီးတွေက အဓိကနေရာ က ပူးပေါင်း ပါ၀င်ခဲ့ပါတယ်” ဟု ယင်းဆန္ဒဖော်ထုပ်ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦသိန်းလွင်က နိရဥ္စရာသို့ ပြောသည်။

တောင်ကုတ်မှ အမျိုးသမီးများ အရက်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို အဓိက ပူးပေါင်း ပါ၀င်ရခြင်းမှာ လင်ယောကျာင်္းများ၊ မောင်ဖွားများ အရက်သောက်၍ ဘဝပျက်စီးခဲ့ရသည်ကို မမြင်ရက်နိုင်၍လည်းကောင်း၊ အရက်သောက် ခိုက်ရန်ဖြစ်ပွားမှုများ တိုးလာ၍လည်းကောင်း၊ အိမ်ထောင်ရေး အဆင်မပြေ၍လည်းကောင်း ယခုလို အရက်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ပူးပေါင်း ပါ၀င် လာခြင်း ဖြစ်ကြောင်း တောင်ကုတ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

” တောင်ကုတ်မှာ ကျောင်းသားလေးတွေက အစ စိုးရိမ်ရတယ်။ စကားပြောစရာရှိရင် အရင်ကလို လဘက်ရည်ဆိုင်မထိုင်တော့ဘူး။ အရက်ဆိုင်မှာ ထိုင်တယ်။ အရက်ဆိုင်ကလည်း နေရာတိုင်းမှာလို့ ပြောရင် ရတယ်။ ကျွန်မတို့ကတော့ အရက်မရှိလေကောင်းလေဘဲ။ အရက်ကြောင့် လင်သား မောင်ဖွားတွေ ဒုက္ခရောက်ကြတော့ အရက်ကို လုံးဝ အလိုမတော့ဘူး” ဟု ၎င်းအမျိုူသမီးက ပြောဆိုသည်။

ယခု ဆန္ဒပြပွဲတွင် လူပေါင်း သုံး ထောင်ခန့် ပါ၀င်ခဲ့ပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။

ဦးသိန်းလွင်ကလဲ “ကျွန်တော်တို့ရခိုင်ပြည်မှာ အရက်ကြောင့် ဖြစ်တဲ့ မှုခင်းက အများကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်ကုတ်မြို့မှာ လည်း မကြာခဏဆိုသလို ခိုက်ရန် ဖြစ်ပွားတာ၊ လူသတ်မှု ဖြစ်ပွားတာ၊ အိမ်ထောင်ရေး အဆင်မပြေတာ အားလုံးဟာ အရက်ကြောင်းပါဘဲ။ ကျောင်းသားလူငယ်တွေကပင် အစ အရက်ကြောင့် ဘဝတွေ ပျက်စီးလာရတယ်။ ဒီလို အခြေအနေတွေကြောင့် ရခိုင်ပြည်နယ်ဟာ  အားလုံး ဘက်က နိမ့်ကျလာပါတယ်။ အဓိကကတေ ာ့ အာဏာပိုင်တွေက ထိရောက်စွာ ပိတ်ပင်တားဆီးဖို့ အတွက် ခုလို ဆန္ဒဖော်ထုတ်ပွဲ လုပ်ပြီး တောင်းဆိုတာပါ” ဟု ဆက်လက်ပြောဆိုသည်။

ဆန္ဒပြပွဲ တောင်ဆိုကြွေးကြော်သံများမှာ အရက်ရောင်းချခြင်းအလိုမရှိ၊ အရက်ပိတ်ပေးရေး (ဒို့အရေး) ၊ အရက်ပပျောက်ရေး (ဒို့အရေး) စသည်တို့ကို တောငး်ဆိုခဲ့ကြသည်။

တောင်ကုတ်မြို့နယ်တွင် အရက်ဆိုင်များမှာ မိူလို ပေါက်နေပြီး အာဏာပိုင်များ အနေဖြင့် အမြန်ဆုံး ထိရောက်စွာ တရားမဝင် အရက်ရောင်းချမှုကို ပိတ်ပင်ပေးရန် ဒေသခံများ အနေဖြင့် လိုလားနေကြသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...