ရခိုင်ပြည်နယ်တွင်း ဗျူဟာမြောက်သီးနှံ စိုက်ပျိုးရန်ကြိုးပမ်း

ရခိုင်ပြည်နယ်တွင်း ဗျူဟာမြောက်သီးနှံ စိုက်ပျိုးရန်ကြိုးပမ်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင်း ဗျူဟာမြောက်သီးနှံစိုက်ပျိုးနိုင်ရေးအတွက် တောင်ကုတ်မြို့တွင်  မြေသြဇာ နှင့် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲရေး နည်းပညာသင်တန်းကို သြဂုတ်လ  ၈ ရက်နေ့မှ စတင်ကာ AGE ရုံးတွင် ဖွင့်လှစ်သင်ကြားကြောင်း သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့မှုအသင်း ဥက္ကဋ္ဌ (ရခိုင်)မှ ဦးချစ်မြက ပြောကြားသည်။

“ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ မြေသြဇာနဲ့ပိုးသတ်ဆေးကို အသုံးပြုရာတွင်လည်း နည်းစနစ် ပိုင်နိုင် ကျွမ်းကျင် မှုကိုလည်း မတွေရသေးပါ။ဒါကြောင့် ကျွန်တော်တို့ စိမ်းလမ်းကမ္ဘာမြေအနေနဲ့ ခုလိုပညာပေး သင်တန်းတွေလုပ်ဆောင်တာပါ။ လယ်သမားတစ်ဦးချင်းစီကနေပြီးတော့ တစ်ပြည်နယ်လုံးရှိ တောင်သူများ လုံခြံုစိတ်ချသော စားနပ်ရိက္ခာများထုပ်လုပ်ရာမှတစ်ဆင့် နိုင်ငံခြား တိုင်းပြည်များကို တင်ပို့ထုတ်လုပ် ရောင်းချနိုင်အောင် တောင်သူ တွေကို ကူညီပံ့ပိုးပေးချင်တာပါ” ဟု ဦးချစ်မြမှ ဆက်ပြောသည်။

လက်ရှိအချိ်န်တွင် ရခိုင်ပြည်နယ်လုံးအတိုင်းအတာ နိုင်ငံခြားတင်ပို့နိုင်သော သီးနှံများ စိုက်ပျိုးမှု မရှိသလောက် ဖြစ်နေပြီး နည်းစနစ်ပိုင်းဆိုင်ရာတွင်လည်း အားနည်းနေသေးကြောင်းသိရသည်။

image 0 02 01

“အခုသင်တန်းဖွင့်ကြားရတာဟာ ရခိုင်ပြည်နယ်တွင်းဗျူဟာမြောက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူလည်းဖြစ်အောင် ရယ်ရွယ်ပြီးဖွင့်လှစ်တာပါ။ကျွန်တော်တို့ မန္တလေးတိုင်းမှာ ဆိုလို့ရှိရင် သရက်၊ ဖရဲသီးနှံ၊ သခွားမွှေး  ရှမ်းမြောက်ပိုင်းမှာလည်း လက်ဖက်ကို ဗျူဟာမြောက်သီးနှံအဖြစ် စိုက်ပျိုးကြပါတယ်။ရခိုင်မှာဆိုရင် အခုထိ ဗျူဟာမြောက် သီးနှံအဖြစ်ရွေးချယ် စိုက်ပျိုးခြင်းမရှိသေးပါဘူး။ကျွန်တော်တို့ မကြာခင်မှာ ရခို်င်ပြည်နယ်အတွင်းကတောင်သူတွေနဲ့ တွေ့ဆုံပြီးတော့ ဗျူဟာမြောက် သီးနှံတွေ ရွေးချယ်ဖို့ အစီအစဉ်တွေရှိပါတယ်” ဟုနိရဥ္စရာ သို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ခုလက်ရှိအနေအထားမှာ စိုက်ပျိုးရေးလုပ်ကိုင်မှုအားနည်းလာပြီး အစိုးရမှ ကူညီပံ့ပိုးမှုလည်း မရှိသလောက်ဖြစ်နေတာကြောင့် စက်မှုလယ်ယာ၊ နှစ်သီးစား သီနှံနှင့် စျေးကွက်ဝင် သီးနှံစိုက်ပျိုးမှုနည်းလာကာ ရခိုင်ပြည်နယ်အတွက်ပင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တင်သွင်း ရောင်းချနေတာမျိုး ရှိနေကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...