ရေရှား၍ သံတွဲ ကင်းမော်သားများ ဒုက္ခရောက်

ရေရှား၍ သံတွဲ ကင်းမော်သားများ ဒုက္ခရောက်
by -
နိရဥ္စရာ
မိုးရာသီတွင် မိုးရေချိန် လက်မ ၁၂၀ ကျော် နှစ်စဉ် ရွာသွန်းပြီး နွေရာသီရောက်တိုင်း နှစ်စဉ်  ရေရှားလေ့ရှိသော ရခိုင်ပြည်နယ်တွင် ကျေးရွာအတော်များများ၏ ရေကန်များ ခမ်းခြောက်သွားပြီ ဖြစ်သဖြင့် သောက်သုံးရေ ရှားပါးမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သတင်း ရရှိသည်။

ထိိုသို့ ရေရှားသဖြင့် အခက်အခဲကြံုတွေ့နေရသည့် ရွာများထဲတွင် သံတွဲမြို့နယ် ကင်းမော်ကျေးရွာလည်း ပါ၀င်သည်။

“ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၆၀၀ ခန့်ရှိပါတယ်။ လူဦးရေထူထပ်ပြီး ရေကန်က ၅ ကန်ဘဲရှိပါတယ်။ အခု ကွက်သစ်ရေကန်မှာ ရေလုံးဝ ခမ်းသွားပြီ ဖြစ်တဲ့ အတွက် အိမ်ခြေ ၄၀၀ ခန့်မှာ ရေအခက်အခဲ ဖြစ်ပြီး ရွာလယ်ကန်ကြီးကို အသုံးပြုနေကြရပါတယ်” ဟု ဒေသခံ ရွာသား တစ်ဦးက ဆိုသည်။

ယခုအခါ ရွာသားများ အားလုံးမှာ ရွာလယ်က ကန်ကြီးမှ ရေကိုသာ အသုံးပြုနေကြရသဖြင့် အဆိုပါ ရေကန်ခမ်းခြောက်သွားမည်ကို တစ်ရွာလုံးက စိုးရိမ်နေကြောင်း သူက ပြောဆိုသည်။

“နှစ်စဉ်နှစ်တိုင်း မေလလယ်ဆိုရင် ကျွန်တော်တို့ ရွာမှာ ရေရှားပါတယ်။ ဒီနှစ်မှာတော့ ဧပြီလကတည်းက ရေရှားနေပြီ။ ဒါကြောင့် မေလ အကုန်မှာ ရေကန်တွေ အကုန်လုံး ခမ်းသွားမှာကို ကျွန်တော်တို့ စိုးရိမ်နေကြပါတယ်” ဟု ဆိုသည်။

နှစ်စဉ်နှစ်တိုင်း ရေရှား၍ ဒေသအတွင်းမှ အလှူရှင်များ လာရောက် ရေလှူဒါန်းကြသော်လည်း ရေကန်များကို တိုးချဲ့ တည်ဆောက်ပေးခြင်း မရှိကြောင်း၊ သို့အတွက် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့် ရင်ဆိုင်နေကြရကြောင်း တစ်ခြား ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအား ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့သဖြင့် အာဏာပိုင်များ၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...