ရခိုင်တစ်ပြည်နယ်လုံး ၀ိှုက်ကတ်အပ်နှံသူ ၃၀၀၄၃၂ ဦးရှိပြီ

ရခိုင်တစ်ပြည်နယ်လုံး ၀ိှုက်ကတ်အပ်နှံသူ ၃၀၀၄၃၂ ဦးရှိပြီ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ထဲတွင် ၀ိှုက်ကတ်ကိုင်ဆောင်သူ အရေအတွက်မှာ စုစုပေါင်း ၆၆၆၃၈၁ ရှိသည့်အနက်မှ ၃၀၀၄၃၂ ကတ်ကို အပ်နှံပြီး ဖြစ်ကြောင်း နေပြည်တော် လဝက ညွှန်ကြားရေးမှူး ဦးတင်ရှယ်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံး အနေဖြင့် အပ်နှံသည့် ၀ိှုက်ကတ်အရေအတွက်မှာ စုစုပေါင်း ၃၂၁၈၁၄ ရှိကြောင်း ထိုအထဲမှ ရခိုင်ပြည်နယ်တွင် အပ်နှံသူ အရေအတွက်မှာ ၃၀၀၄၃၁ ဦးရှိကြောင်း၊ အများစုမှာ ဘင်္ဂလီများ ဖြစ်ကြောင်း သူက ပြောသည်။

“ကျွန်တော်တို့ နိုင်ငံမှာ ၀ှုိက်ကတ် ကိုင်ဆောင်သူ အရေအတွက်က တစ်နိုင်ငံလုံးမှာ စုစုပေါင်း ရ၆၁၀၆၄ ဦးရှိပါတယ်။ ဒီနေ့ထိ အပ်နှံတဲ့သူ အရေအတွက်က ၃၂၁၈၁၄ ဦးရှိပါတယ်။ ရခိုင်မှာ အပ်နှံသူက ၃၀၀၄၃၂ ဦးရှိပါတယ်” ဟု ဆိုသည်။

၀ှုိက်ကတ်ခေါ် ယာယီသက်သေခံ လက်မှတ်များမှာ မတ်လ ၃၁ ရက်နေ့မှ စပြီး တရားမဝင်တော့ကြောင်း နိုင်ငံတော် သမ္မတမှ ထုတ်ပြန်ကြေညာပြီးနောက်  ဧပြီလ တစ်ရက်နေ့မှစ၍ ၀ိှုက်ကတ်များကို လူဝင်မှုကြီးကြပ်ရေးဌာနမှ လက်ခံနေခြင်း ဖြစ်သည်။

“ဧပြီလနဲ့ မေလ နှစ်လအတွင်း လက်ခံသွားပါမယ်။ အားလုံးလာအပ်ကြပါလိမ့်မယ်။ ၀ိှုက်ကတ် ကိုင်ဆောင်သူ အများဆုံး ဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲမှာလည်း အားလုံး အပ်နှံကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောဆိုသည်။

၀ိှုက်ကတ် ကိုင်ဆောင်ခဲ့သူများအရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင် တစ်ခုကိုလည်း ဖွဲ့စည်းထားပြီဟု သိရသည်။

“၀ိှုက်ကတ်ကို ပြန်အပ်နှံပြီးတဲ့ နောက်မှာ ၀ိူက်ကတ်ကိုင်ဆောင်သူတွေရဲ့ အရေးကိုတော့ အသစ်ဖွဲ့စည်းထားတဲ့ လေ့လာသုံး သပ်ရေး အကြံပြုချက် ကော်မရှင်ရဲ့ ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်သွားပါ့မယ်။ အခု အဲဒီ ကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆိုသည်။

ယင်း ၀ိှုက်ကတ် ကိုင်ဆောင်သူများအား လေ့လာသုံးသပ်ရေး အကြံပြုချက် ကော်မရှင်တွင် လဝက ဒုဝန်ကြီးမှာ ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး ဥပဒေအကြံပေး တစ်ဦး၊ ကိုးကန့် ယဉ်ကျေးမှု အဖွဲ့မှ တစ်ဦး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ တစ်ဦးနှင့် တစ်ခြား ဥပဒေပညာရှင်များ၊ တတ်သိပညာရှင်များ  ပါ၀င်ကြသည်ဟု သိရသည်။

၎င်းအဖွဲ့သည် ၀ိှုက်ကတ်ကိုင်ဆောင်သူများ အရေးကို မည်သို့ မည်ပုံ ကိုင်တွယ် ဖြေရှင်းမည်ကို လေ့လာ သုံးသပ်ပြီး နိုင်ငံတော် အစိုးရသို့ အကြံပြုသွားမည်ဟု သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...