ပြည်တော်သာအိမ်ရာ စီမံကိန်းကိစ္စ ပြည်သူ့သဘောထားကောက်ခံ

ပြည်တော်သာအိမ်ရာ စီမံကိန်းကိစ္စ ပြည်သူ့သဘောထားကောက်ခံ
by -
မဇ္ဈိမ
ပုသိမ်မြို့ ပြည်တော်သာအိမ်ရာစီမံကိန်း နှင့် ပတ်သက်ပြီး သြဂုတ်လ ရရက်က ပြည်သူ့သဘောထား ကောက်ယူပွဲကို ကျင်းပခဲ့သည်။

တက်ရောက်လာသူများက ပြည်တော်သာအိမ်ရာကို ပြည်သူ့အိမ်ရာအဖြစ် ဆက်ထားရန်၊ အိမ်လခမကောက်သည့် အိမ်ခန်း ၁၇၇အိမ်အား လစာအမြန်ကောက်ရန် တင်ပြခဲ့သည်။

"ဝန်​ကြီးချုပ်​ ​ရောက်​တဲ့​နေရာမှာ​ပြောသလို ဒီမိုက​ရေစီအစိုးရဟာ ပြည်​သူကို ရှေးရှု့မယ်။ ကျွန်​​တော်​တို့အစိုးရသက်​တမ်​းဟာ ပြည်​သူ​ဗဟိုပြုမှုနဲ့ဆက်​လက်​ဖြတ်​သန်​းသွားမှာပါ။ ပြည်​သူ​တွေအသံဟာ အဓိကအကျဆုံးပါပဲ။ ကျွန်​​တော်​တို့ တိုင်​း​ဒေသကြီးအစိုးရအဖွဲ့ဟာ ပြည်​သူအသံကိုယူတဲ့ ပထမဆုံးပါ အသံကိုနား​ထောင်​ပြီး တိုင်​းအစိုးရအဖွဲ့အစည်​းအ​ဝေးမှာ ဆုံးဖြတ်​သွားမှာဖြစ်​ပါတယ်​၊ တခြားကိစ္စ​တွေရှိလည်​း ပြည်​သူဆန္ဒကိုဆုံးဖြတ်​သွားမှာပါ”ဟုပြည်​​တော်​သာအိမ်​ရာစီမံကိန်​းနှင်​ ့ပတ်​သက်​ပြီး တိုင်​းအစိုးရသ​ဘောထား လုပ်​​ဆောင်​မှုအား လမ်​းပန်​ဆက်​သွယ်​​ရေးနှင်​့ လျှပ်​စစ်​စွမ်​းအင်​ဝန်​ကြီးဦးဝင်​း​ဌေးက တက်​​ရောက်​သူများအား​ပြောဆိုသည်​။

ပြည်​​တော်​သာအိမ်​ရာပြည်​သူများနှင်​့ တိုင်​း​ဒေသကြီးအစိုးရအဖွဲ့​ တွေ့ဆုံပွဲတွင်​ ပြည်​​တော်​သာ အိမ်​ရာစီမံကိန်​းအား အသစ်​ပြန်​တည်​​ဆောက်​ရန်​ ပြည်​သူသ​ဘောဆန္ဒ​ကောက်​ခံရာ တက်​​ရောက်​လာသူ၂၅၀တွင် ၂၄၄ဦးက
အိမ်​ရာအား ယခုအတ်​ိုင်​းထားရန်​၊ ၄​ယောက်​မှာ အိမ်​ရာအသစ်​တည်​​ဆောက်​​ပေးရန်​နှင်​့ ၂​ယောက်​မှာ ကြား​နေအဖြစ်​တင်​ပြီး၊ ဝန်​ကြီးမှ ပြည်​သူသ​ဘောဆန္ဒကို အစိုးရအဖွဲ့ အစည်​းအ​ဝေးတွင်​ တင်​ပြ​ဆောင်​ရွက်​​ပေးမည်​ဖြစ်​​ကြောင်​း ပြောခဲ့သည်​။

ယခင်ဦးသိန်းစိန်အစိုးရသက်​တမ်​းတွင်​ ပြည်​​တော်​သာအိမ်​ရာအား မ​နောသုခ အိမ်​ရာပြုလုပ်​ပြီး လုံးချင်​းအိမ်​ရာများ ၄ထပ်​တိုက်​များ၊ ၆ထပ်​တိုက်​များ​ဆောက်​လုပ်​ရန်​ စီစဉ်သဖြင့် ပြည်​​တော်​သာအိမ်​ရာ​နေသူများမှ ကန်​့ကွက်​ခဲ့ရာမှ ယခုကဲ့သို့ ပြည်သူ့ဆန္ဒကောက်ခံသည့်အကြောင်း ဖြစ်လာခြင်းဖြစ်သည်။

ပြည်​​တော်​သာအိမ်​ရာတွင်​ ပင်စင်​စားများ ဝန်​ထမ်​းများနှင်​့ ပြည်​သူများ စုစု​ပေါင်​း အိမ်​​ထောင်​စု ၃၅၀ ​နေထိုင်​လျှက်​ရှိသည်။ ယင်းအပြင် အိုးအိမ်မှ တစ်နှစ်ကျော်ကြာ အိမ်လခမကောက်ခံသည့် အိမ်​ခန်​း၁၇၇ခန်​းလည်း ရှိသည်ဟု သိရသည်။

ပြည်​​တော်​သာအိမ်​ရာစီမံကိန်​းသည် ဝန်ကြီးချုပ်ဟောင်း ဦးနုလက်​ထက်​တွင်​ အ​ကောင်​အထည်​​ဖော်​သည်​့ အိမ်​ရာစီမံကိန်​းဖြစ်​ပြီး ၁၉၉၄ခုနှစ်​တိုင်​းမှူး​ ဗိုလ်​ချုပ်​မြင်​့​အောင်​က ပြည်​သူအိမ်​ရာအဖြစ်​ အစည်​းအ​ဝေးဆုံးဖြတ်​ခဲ့ပြီး ဝန်​ထမ်​းမဟုတ်​သူများအား အိမ်​ခန်​းများမှ ဖယ်​ရှားမှု ပြုလုပ်ခဲ့သေးသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...