စစ်တွေတွင် ခိုးလာသည့် ဆိုင်ကယ် ၁၃ စီး ဖမ်းဆီးရမိ

စစ်တွေတွင် ခိုးလာသည့် ဆိုင်ကယ် ၁၃ စီး ဖမ်းဆီးရမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လ ရ ရက်နေ့က ခိုးယူလာသည်ဆိုသော ဆိုင်ကယ် ၁၃ စီးနှင့် လူငယ် ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဆိုင်ကယ်များကို နေရာနှစ်ခုမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

“ပထမ ၄ စီးကို နံနက်အာရုဏ်တက် ၄ နာရီမှာ ခိုးယူလာသူနှစ်ဦးအနဲ့ အတူ စက်ရုံစုရပ်ကွက် မီလောင်ပြင်ထဲမှာ ဖမ်းမိတာပါ။ နောက် ရ စီးကိုတော့ သဲချောင်းဘင်္ဂလီရွာထဲမှာ နေလယ် ၁ နာရီမှာ သွားရောက် စစ်ဆေးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ပိုင်ရှင်မရှိတဲ့ နှစ်စီးကိုလည်း ဆက်လက်ဖေါ်ထုတ်နိုင်ခဲ့ပါတယ်”ဟု စစ်တွေမြို့မ ရဲစခန်းမှ ရဲအုပ်အေးခင်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆိုင်ကယ် ၄ စီးနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးမှာ မောင်အောင်စိုးထွန်း (ရူပမြောက်ရပ်ကွက်) နှင့် မောင်မောင်ဆန်းဝင်း (ဆင်းကူးလမ်းရပ်ကွက်) တို့မှ ဖြစ်ကြောင်း သိရသည်။

ယင်းနှစ်ဦးကို ရာဇသတ်ကြီး ဥပဒေ ၃၈၀/၁၅၄ ဖြင့် အမှုဖွင့် အရေးထားကြောင်း သိရသည်။

ခိုးမှုများပပျောက်ရေးအတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးနှင့် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးတို့၏ လမ်းညွှန်မှာကြားချက်ဖြင့် စစ်တွေမြို့မရဲစခန်း စခန်းမှူး၏ အနီးကပ်ကြီးကြပ်မှူးဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအောင်အေးခင်မောင် ဦးဆောင်သော အဖွဲ့က ၁၂ နာရီနောက်ပိုင်း ညဥ့်နက်လှည့်ကင်းဆောင်ရွက်စဉ် ယင်းသို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအုပ်အေးခင်မောင်က ပြောဆိုသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...