၂၉ လကြာ ရပ်နားထားသည့် ရခိုင်တောင်ပိုင်း ကမ်းရိုးတန်း ရေကြောင်းလိုင်း ပြန်ဖွင့်ရန် စီစဉ်နေ

၂၉ လကြာ ရပ်နားထားသည့် ရခိုင်တောင်ပိုင်း ကမ်းရိုးတန်း ရေကြောင်းလိုင်း ပြန်ဖွင့်ရန် စီစဉ်နေ
by -
မဇ္ဈိမ
 အောင်တံခွန် သင်္ဘော (၃) မနစ်မြုပ်မီက တွေ့ရစဉ်/ဓာတ်ပုံ - CJ)
အောင်တံခွန် သင်္ဘော (၃) မနစ်မြုပ်မီက တွေ့ရစဉ်/ဓာတ်ပုံ - CJ)
သင်္ဘောများ၏ ကြ့ံခိုင်မှုအားနည်းမှုကြောင့် ၂၀၁၄ ခုနှစ် မတ်လမှ ရပ်နားထားခဲ့ရသည့်  ရခိုင်တောင်ပိုင်း ကမ်းရိုးတန်းပြေးဆွဲနေသော ရေကြောင်းလိုင်းများကို ပြန်လည် ဖွင့်လှစ်ပေးရန် အစီစဉ်ရှိကြောင်း ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လက တောင်ကုတ် စစ်တွေ ရေကြောင်းလိုင်း ဖြစ်သည့် အောင်တံခွန် ရေယာဉ် အမှတ် (၃)   နစ်မြုပ်ခဲ့ရပြီး ရာနှင့်ချီသော ခရီးသည်များ သေဆုံးခဲ့ရပြီးနောက်တွင် ကမ်းရိုးတန်းရေကြောင်း သင်္ဘောရေယာဉ်များကို စစ်ဆေးရန်လိုအပ်ချက်များရှိသည်ဟုဆိုကာ  အစိုးရတာဝန်ရှိသူများက  ပြေးဆွဲခွင့် ရပ်နားစေခဲ့သည်။

ကြံ့ခိုင်မှုအားနည်းခြင်း၊ သယ်ဆောင်နိုင်သည့် ပမာဏာထက် ကုန်စည်နှင့် ခရီးသည်များကို တန်ချိန်များစွာ တင်ဆောင်ခဲ့ခြင်း တို့ကြောင့် အောင်တံခွန် ရေယာဉ် အမှတ် (၃) သည်  နစ်မြုပ်ခဲ့ရခြင်းဖြစ်သည်။

သင်္ဘောရေယာဉ်များ ရပ်နားခဲ့ပြီးနောက် ခရီးသည်များအနေနှင့် ကမ်းရိုးတန်းအမြန်ရေယာဉ်များဖြစ်ကြသည့် ရွှေပြည်တန်၊ မလိခ စသည့် ရေယာဉ်များကို အသုံးပြုခဲ့သော်လည်း စျေးနှုန်းမြင့်မားမှု၊ လိုအပ်သော ကုန်စည်ပို့ဆောင်ရေးများ အတွက် နှောင့်နှေးကြန့်ကြာစေမှုတို့ကြောင့် ရေကြောင်း ဆက်သွယ်ရေးသည် အခက်အခဲ ဖြစ်နေရသည်။

 ပြီးခဲ့သည် ဇူလိုင်လက စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံနှင့် တောင်ကုတ်၊ မာန်အောင် စသည့်  ဒေသက ရေကြောင်းအနေအထားများတွေကို ဂျပန်နိုင်ငံက ပညာရှင်တွေက လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဒေသနှင့်ကိုက်ညီသည့် သင်္ဘောများတည်းသွားမည်ဖြစ်သည်ဟု ဦးအောင်ကျော်ဇံက ပြောသည်။

 “ရခိုင်ဒေသနဲ့ ကိုက်ညီမယ့် သင်္ဘော ၃ စီးကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာ့ရေကြောင်း ပို့ဆောင်ရေးဌာနက တည်ဆောက်ပေး သွားမှာပါ။ ဘယ်နေ့မှာ သင်္ဘောတွေ ရမလဲဆိုတာတွေ အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး"  ၎င်းကဆိုသည်။

သယ်ယူပို့ဆောင်ရေးတွင် ရေကြောင်းကို အဓိကအားထားနေရသည့် ရခိုင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်မှ စစ်တွေမြို့သို့ ထွက်ခွာလာခဲ့သည့် ခရီးသည် ၃၀၀ ခန့် သယ်ဆောင်လာသော အောင်တံခွန် ရေယာဉ်အမှတ် ၃ သင်္ဘောမှာ ကျောက်ဖြူမြို့တွင် ခရီးတစ်ထောက်နားခဲ့ပြီး စစ်တွေမြို့သို့ ဆက်လက် ထွက်ခွာလာစဉ် မြေပုံမြို့နယ်၊ ငပသုန်ကျွန်းအနီးတွင် နစ်မြုပ်ခဲ့သည်။

အောင်တံခွန် ၃ နစ်မြုပ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်၏ ရေကြောင်းလိုင်းများကို သက်ဆိုင်ရာက တင်းကျပ်လိုက်ပြီး စစ်ဆေးရန် လိုအပ်သော သင်္ဘောရေယာဉ်များကို ပြေးဆွဲခွင့် ရပ်နားစေခဲ့ခြင်း ဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...