မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အချုပ်သား လူနာဆောင်အသစ် ဖွင့်လှစ်

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အချုပ်သား လူနာဆောင်အသစ် ဖွင့်လှစ်
by -
မဇ္ဈိမ
အချုပ်သားလူနာဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ၀န်ကြီးအချုပ် အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ- ဇော်နီ )
အချုပ်သားလူနာဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ၀န်ကြီးအချုပ် အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ- ဇော်နီ )
 မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အချုပ်သားများအတွက် လူနာဆောင်အသစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ၎င်းလူ နာဆောင်ဆောက်လုပ်လှူဒါန်းခဲ့သည့် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်ကို တနသာင်္ရီတိုင်းဝန်ကြီးက ကျေးဇူးတင် စကားပြောကြားခဲ့သည်။

ယခုကဲ့သို့ အချုပ်သားလူနာဆောင်ဖွင့်လှစ်နိုင်ခြင်းအားဖြင့် မည်သူမဆို အချုပ်သားအနေဖြင့် မျက်နှာငယ် စရာမလိုပဲ အဆင်ပြေစွာကုသနိုင်မည်ဖြစ်သဖြင့် ၀မ်းသာမိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နှောင်ကြိုးမဲ့ အကူညီ တစ်ခုအနေဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကြိုဆိုကြောင်း ဝန်ကြီးချုပ်က ဇူလိုင်(၂၈) ညနေပိုင်း တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

“ ကျွန်မရဲ့အယူအဆကတော့ ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ချင်တဲ့ ဘယ်စီးပွားရေးလုပ်ငန်းရှင် မဆိုပူးပေါင်း ဆောင်ရွက် နိုင် ပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်ကတော့ ကျွန်မတို့ ကို နှောင်ကြိုးမဲ့ ကူညီမှုနဲ့ပဲ ဖြစ်ရပါစေ့မယ်လို့ ပြည်သူကို ကတိပေးပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အချုပ်သားလူနာဆောင် ဆောက်လုပ်လှူဒါန်းရန်အတွက် ၀န်ကြီးချုပ်မှ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌထံ အကူအညီတောင်းခံခဲ့ပြီး မြိတ်အများပိုင်  ကော်ပိုရေးရှင်း လီမိတက် အနေဖြင့် ကျပ်သိန်း(၂၂၀)ကျော် တန်ဖိုးရှိ အလျား ၃၀ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၁ပေ ရှိ သံကူကွန်ကရစ်တစ်ထပ် အဆောက်အအုံအဖြစ် လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးအတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို နှောင်ကြိုးမဲ့ ကူညီမှုမျိုးဖြင့် ပူးပေါင်း ဆောင် ရွက်မည်ဆိုပါက ပြည်သူကို မျက်နှာမူသည့် အစိုးရဖြစ်သည်နှင့်အညီ အခွင့်အလမ်းများ   ပေးနိုင်ချင်မှ ပေးနိုင်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆက်လက်ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...