အပြစ်မဲ့ ပြည်သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်

အပြစ်မဲ့ ပြည်သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပလက်ဝနယ်စပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း အပြစ်မဲ့ပြည်သူများအား ဥပဒေနှင့်အညီ စောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)က ဧပြီလ ၂၉ ရက်နေ့တွင် ကြေညာချက်ထုတ်၍ တောင်း ဆိုလိုက်သည်။

အဆိုပါကြေညာချက်တွင် ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့မှ စတင်ဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ၏ အတည်တကျနေထိုင်နိုင်ရေး၊ ကျန်းမာရေး၊ လုံခြံုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအား အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးကို အစိုးရအနေအဖြင့် အစောတလျှင် စီစဉ်ပေးရန် ပါတီက တောင်းဆိုထားသည်။

“ကျွန်တော်တို့ရခိုင်ပြည်မှာ တိုက်ပွဲဖြစ်တဲ့အချိန်အခါမှာ ပြည်သူတွေဟာ အခက်အခဲအမျိုးမျိုးနဲ့ ဒုက္ခဖြစ်နေ ကြတယ်ပေါ့လေ။ အဲဒီဒုက္ခရောက်နေတဲ့သူတွေကို ပိုပြီးလုံခြံုမှုရှိစေချင်ပါတယ်။ တိုက်ပွဲ ဖြစ်ရင်လည်းဖြစ်ပေါ့လေ။ ပြည်သူတွေတော့ အခုလိုဒုက္ခမရောက်စေချင်ဘူး”ဟု ပါတီဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်းက နိရဥ္စရာသို့ပြောသည်။

ဆက်လက်၍ အဆိုပါကြေညာချက်တွင် အပြစ်မဲဲ့ပြည်သူများကို သံသယနှင့်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများရှိနေသဖြင့် ဒေသခံပြည်သူများ အထူးပင် စိုးရိမ်သောကရောက်နေကြောင်း သိရှိရသည့်အတွက် ဒေသအာဏာပိုင်များအနေဖြင့် အပြစ်မဲ့ပြည်သူများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန်လည်း ဖော်ပြထားသည်။

“အပြစ်မဲဲ့ပြည်သူတွေကို သံသယနဲ့ဖမ်းဆီးတယ်၊ နှိပ်စက်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဒုက္ခရောက်နေတဲ့ပြည်သူတွေ ရှိတဲ့နေရာတွေဆီ ကွင်းဆင်း သွားရောက်ပြီးတော့မှ သူတို့တွေဆီက တဆင့်ကြားရပါတယ်”ဟု  ဦးဖိုးမင်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အပြစ်မဲ့ပြည်သူများအနေဖြင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် အခက်အခဲများစွာကို ရင်ဆိုင်နေရသည်ကိုလည်း ပါတီအနေဖြင့် အလွန်ပင် စိုးရိမ်မိသည်ဟု ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒီမိုကရေစီအပြောင်းအလဲ ပိုမိုပီပြင်လာစေရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံရေးဆွေးနွေးမှု စားပွဲဝိုင်းဖြင့် အမြန်ဆုံးဖြေရှင်းပေးကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

statement of anp

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...