UNICEF က လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ကူညီ

UNICEF က လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ကူညီ
by -
နိရဥ္စရာ
UNICEF ၏ထောက်ပံ့ပစ္စည်းများကို ကျောက်တော်သို့ပို့ဆောင်ရန် ကားပေါ်သို့တင်ဆောင် နေကြစဉ် ( ဓာတ်ပုံ – နိရဥ္စရာ)
UNICEF ၏ထောက်ပံ့ပစ္စည်းများကို ကျောက်တော်သို့ပို့ဆောင်ရန် ကားပေါ်သို့တင်ဆောင် နေကြစဉ် ( ဓာတ်ပုံ – နိရဥ္စရာ)
ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်သူ ၅ဝဝ ကျော်အတွက် UNICEF က လူသုံးကုန်ပစ္စည်းများကို ၂၈ရက်နေ့က ပေးပို့ကူညီလိုက်ကြောင်း စစ်တွေရှိ UNICEF ရုံးတာဝန်ခံ Yosi Burckhardt က အတည်ပြုပြောသည်။

“အခုကူညီတဲ့ပစ္စည်းတွေကတော့ အဝတ်အစား၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ စောင်တွေ၊ အိုးခွက် ပန်းကန်တွေပါပါတယ်။ နောက် တာပေါ်လင်စတွေနဲ့ ကြိုးတွေကိုလည်း ဆက်ပြီးပေးပို့သွားဖို့ အစီအစဉ် ရှိပါသေးတယ်။ အခုလို ကူညီပေးခွင့် ရတာကို ကျွန်မတို့ UNICEF အနေနဲ့ အခွင့်အရေး တစ်ခုလို့ ထင်မြင်မိပါတယ်”ဟု သူမက ဘာသာပြန်သူမှတဆင့် ပြောဆိုသည်။

UNICEF အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့မှလက်ခံရရှိသော စာရင်းအရ စစ်ဘေးရှောင်သူ အိမ်ထောင်စု ၁၁၅ စု (လူဦးရေ ၅၇၈ ဦး)အတွက် အဝတ်အထည်နှင့် အိမ်သုံးပစ္စည်း ၂၆ မျိုးပါ အထုပ်ပေါင်း ၁၁၅ ထုပ်ကို ဧပြီလ ၂၈ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ စစ်ဘေးရှောင်သူများထံ ပေးပို့ လိုက်ပြီဖြစ်သည်။

အဆိုပါပစ္စည်းများကို UNICEF အနေဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ပေးပို့ လိုက်ခြင်းလည်းဖြစ်သည်။

“လတ်တလောရွှေ့ပြောင်းလာခဲ့ရတဲ့အတွက် သူတို့တွေမှာ ဘာမှ ပါမလာဘူးလေ။ ဒါကြောင့် သူတို့တွေလိုအပ်မယ့် အဝတ်အထည်၊ အိုးခွက်ပန်းကန်တွေကို အခုလို ဦးစားပေး ကူညီပေးတာဖြစ်ပါတယ်” ဟု စစ်တွေရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချ ထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက နိရဥ္စရာသို့ပြောသည်။

အဆိုပါစစ်ဘေးရှောင်ပြည်သူများမှာ ကျောက်တော်မြို့နယ်နှင့် ပလက်ဝနယ်စပ်အကြား ရခိုင် လက်နက်ကိုင်များနှင့် မြန်မာ့တပ် မတော်တို့ တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ယင်းအနီးရှိ ကျေးရွာအချို့မှ ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်ကြသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...