ZCD ပါတီ၏ ၂၁ ရာစုပင်လုံညီလာခံအကြိုဆွေးနွေးပွဲ အချက် ၅ ချက်သဘောတူ

ZCD ပါတီ၏ ၂၁ ရာစုပင်လုံညီလာခံအကြိုဆွေးနွေးပွဲ အချက် ၅ ချက်သဘောတူ
by -
ခိုနူမ်းထုန်
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD) ပါတီမှ ဦးဆောင်ပြီး ရန်ကုန်မြို့ Orchid Hotel တွင် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ကြသော ချင်းပြည်နယ်လုံးဆိုင်ရာ ဒုတိယ(၂၁ ရာစု) ပင်လုံ ညီလာခံ အကြို ဆွေးနွေးပွဲတွင် အချက် ၅ ချက်ကို သဘောတူခဲ့ကြသည်ဟု သိရသည်။

ယင်းအချက် ၅ ချက်တို့မှာ တိုင်းရင်းသားများမှ ပြည်နယ် သစ်များ ဖွဲ့စည်းရန် တောင်းဆိုလာလျှင် အများသဘောတူ ထားသော စံနှုန်းများအပေါ် အခြေခံ၍ စဉ်းစားပေးရန်၊ ပြည်နယ်/ တိုင်းဒေသကြီးများ၏ နယ်နိမိတ်များအား လွတ်လပ် ရေးမတိုင်မီ အနေအထားအပေါ် အခြေခံ၍ပြန် လည် ရေးဆွဲသတ်မှတ်ရန်၊ ပြည်ထောင်စုနှင့် ပြည်နယ်များ၏ အာဏာ ခွဲဝေရာတွင် ပင်လုံစာချုပ်အတိုင်းအသက်ဝင် အာဏာတည်စေရန်၊ ကြွင်းကျန်အာဏာကို ပြည်နယ်များထံ အပ်နှင်းရန်၊ ပြည်ထောင်စုအဆင့်တွင် လွှတ်တော်(၂)ရပ်သာထားရှိရန် (ပြည်ထောင်စုလွှတ်တော်ကို ဖျက်သိမ်းရန်)၊ ယင်း လွှတ်တော် (၂)ရပ်တွင်ညီမျှသော အာဏာများရှိရန်နှင့် ပြည်နယ်များတွင်လည်း လွှတ်တော် (၂)ရပ်စီထားရှိရန်နှင့် လက်ရှိ အခွန် ကောက်ခံမှုနှင့်အရင်းအမြစ်ခွဲဝေမှု ပုံသဏ္ဍာန်များကို ပြန်လည်ပြင်ဆင် ပြောင်းလဲရာတွင် ပြည်နယ်များမှ သင့်လျော်သော အချိုးအစားအတိုင်း ရရှိစေရေးသေချာစေရန်၊ အခွန်အကောက်နှင့်အရင်းအမြစ်များမျှဝေရာတွင် လိုအပ်ချက်အပေါ် အခြေခံ၍မျှတစွာခွဲဝေရန်၊ ပြည်ထောင်စု အစိုးရမှတဆင့် ပြန်လည်ခွဲဝေ ခြင်းအပြင် ပြည်နယ်များ အချင်းချင်း တိုက်ရိုက် မျှဝေပေးနိုင်သော စနစ်ကို ဖော်ဆောင်ရန်တို့ဖြစ်သည်ဟု ZCD ၏ ထုထ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂ ရက်တာကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲမှ ရရှိလာသော အချက် ၅ ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(ခေါ်) ၂၁ ရာစုပင်လုံညီလာခံတွင် တင်ပြသွားမည်ဟု ZCD ပါတီမှ ဖြစ်မြောက်ရေးကောမတီပူးကပ်ခန့်ခွါလ်က ပြောသည်။

“ ဒီအချက်တွေက ၂ ရက်တာဆွေးနွေးပွဲရဲ့ ရလာဒ်တွေပေါ့နော်၊ ၂၁ ရာစု ပင်လုံညီလာခံတက်မယ့်ကိုယ်စားလှယ်တွေကို တင်ပြရမှာပေါ့’’ ဟု ပူးကပ်ခန့်ခွါလ်ကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(ခေါ်) ၂၁ ရာစုပင်လုံညီလာခံအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲတွင် ချင်းနိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်များ၊ ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်း ၁၅ ခုမှကိုယ်စား လှယ်များ ၊ တသီးပုဂ္ဂလ နှင့် လေ့လာသူများ စုစုပေါင်း လူဦးရေ ၁၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ချင်းအမျိူးသားဒီမို ကရက်တစ်ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ်ပါတီနှင့် အရှိုချင်းအမျိူးသားပါတီတို့ တက်ရောက်ခဲ့ခြင်းမရှိကြပေ။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...