ယခင်အစုုိးရက အသိအမှတ်မပြုခဲ့သော "ဝ"အမျိုးသားအဖွဲ့အစည်း (WNO)၊ လားဟူဒီမုုိကရက်တစ်အဖွဲ့အစည်း (LDU) ရခုုိင်အမျိုးသားကောင်စီ(ANC)တုုိ့မှ ကုုိယ်စားလှယ်များနှင့် ၂၁ ရာစုုပင်လုံုအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) တုုိ့ တွေ့ဆုံု၍ တွေ့ဆုံုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“အဓိက ဆွေးနွေးတာက အားလုံုးပါဝင်ရေးနဲ့ ပတ်သက်လုုိ့ပါ။ အားလုံုးပါဝင်ရေးသွားမယ် ဆုုိရင် ယူအန်အက်စ်စီမှာ ပါဝင်တဲ့ ကျနော်တိုု့ သုံုးဖွဲ့ဟာ အဖုုအထစ်လုုိ ဖြစ်လာမယ်။ အန်စီအေကုုိလည်း ကျော်ဖြတ်ရမဲ့ကိစ္စတွေ ရှိနေသေးတယ်။ အန်စီအေ ကျော်ဖြတ်မယ် ဆုုိရင် အားလုံုးပါဝင်မှ ကျော်ဖြတ်လုုိ့ရမယ်။ အဲဒါကြောင့် အခုုကတည်းကနေ ကျနော်တိုု့ နည်းနာရှာထားတာ ဖြစ်ပါတယ်" ဟု ရခိုင်အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။
အဆိုပါ အဖွဲ့ သုံုးဖွဲ့သည် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးဆုုိင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကုုိယ်စားလှယ်အဖွဲ့ (SD)တွင်လည်း ပါဝင်၍ NCA နှင့် ပတ်သက်၍ ယခင်အစုုိးရနှင့် တွေ့ဆုံုဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။
သုုိ့သော် အစုုိးရဘက်မှ NCA လက်မှတ်ရေးထုုိးခါနီးတွင် ၎င်းအဖွဲ့ ၃ ဖွဲ့ အပါအဝင် ၆ ဖွဲ့ကုုိ လက်မခံဘဲ ချန်လှပ် ထားခဲ့ သည်။
NCA တွင် WNO၊ ANC နှင့်LDU အပြင် ကုုိးကန့်၊ တအာင်းနှင့် အေအေတုုိ့ကိုု လက်မခံခဲ့သဖြင့် တုုိင်းရင်းသား လက် နက်ကုုိင် အဖွဲ့အစည်းများ အားလုံုး လက်မှတ်ရေးထုုိးခြင်းမရှိဘဲ အဖွဲ့အစည်း ၈ ဖွဲ့သာ NCA ကုုိ လက်မှတ်ရေးထုုိးခဲ့ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးမှုတွင် WNOမှ တွဲဘက်အတွင်းရေးမှူး ဗုုိလ်မှူး တာ့ညီလူ၊ ANC မှ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်၊ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်နှင့် LDUမှ ဒုုဥက္ကဋ္ဌ ဗုုိလ်မှူးကြီး ဆော်လမွန်နှင့် UNFC မှ ခူဦးရယ် တုုိ့ပါဝင်ပြီး ၂၁ ရာစုုပင်လုံုအကြိုပြင်ဆင်ရေး ဆပ်ကော်မတီမှ ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ၊ ဦးမုုိးဇော်ဦးနှင့် ဦးကျော်လင်းဦးတုုိ့ လေး ဦးတုုိ့ တွေ့ဆုံုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ယခုတွေ့ဆုံမှုသည် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံတွင် အားလုံုးပါဝင်နုုိင်ရန် နည်းလမ်းရှာတွေ့ဆုံုခြင်း ဖြစ်ကြောင်း ၂၁ ရာစုုပင်လုံု အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂) အဖွဲ့ဝင် ဦးခက်ထိန်နန်က သတင်းထောက်များကုုိ ပြောဆုုိခဲ့သည်။
“ကျနော်တုုိ့ အလွတ်သဘောပါဘဲ။ ဒါ ဆက်ပြီး အားလုံုးပါဝင်နုုိင်အောင် ပြီးတော့ အားလုံုး လက်တွဲနုုိင်အောင် ကျနော်တုုိ့ နည်းလမ်းရှာတဲ့အနေနဲ့ တွေ့ဆုံုခြင်းဘဲ ဖြစ်ပါတယ်”ဟုု သူက ပြောသည်။
လာမည့် သြဂုုတ်အတွင်း နုုိင်ငံရေးဆွေးနွေးရေး မူဘောင်သုံုးသပ်ရေး ဆွေးနွေးသုုိ့ တက်လာရန်အတွက် တုုိင်းရင်းသား လက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းများအား ဒေါက်တာ တင်မျိုးဝင်း လက်မှတ်ဖြင့် ဖိတ်ကြားမှုတွင် ၄င်းတုုိ့အဖွဲ့ ၃ ဖွဲ့ကုုိလည်း ဖိတ်ကြားထားသည်ဟုု ဦးထွန်းဇော်က ပြောသည်။







