စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း

စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း
by -
နိရဥ္စရာ
မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားရာမှ ဒုက္ခရောက်နေသော စစ်ဘေးဒုက္ခသည်များကို ကူညီရန် စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (ယာယီ) ကို စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများ စုပေါင်း၍  ဧပြီလ ၂၄ ရက်နေ့က အဖွဲ့ဝင် ၂၅ ဦးဖြင့်  ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ရုံးတွင် ဧပြီလ ၂၃ ရက်နေ့ ညနေနှင့် ဧပြီလ ၂၄ ရက်နေ့ နံနက်က အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ပြီး အဆိုပါကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ကူညီရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်စေရန် ယင်းကော်မတီထဲတွင် ဘဏ္ဍာငွေကောက်ခံရေး၊ ဘဏ္ဍာငွေထိန်းသိမ်းရေး၊ အကူအညီပေးရေး၊ အစိုးရအာဏာပိုင်များနှင့်တွေ့ဆုံရေး ဆပ်ကော်မတီများကို ဖွဲ့စည်းထားကြောင်း သိရသည်။

ယင်းစစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူများကို ကူညီဖို့ခွင့်ပြုချက်ရယူရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံသွားမည်ဟုလည်း သိရသည်။

ဒုက္ခသည်များအတွက် လတ်တလော အရေးတကြီးလိုအပ်နေသော အိမ်သာ၊ အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ကူညီပေးသွားမည်ဟု သိရသည်။

ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီသည် စစ်ဘေးဒုက္ခသည်များအပြင် ရခိုင့်တပ်မတော်နှင့် ဆက်စပ်မှုရှိသည်ဟု မသင်္ကာ၍ ဖမ်းဆီးခံရသူများ၏ ကျန်ရစ်သူမိသားစုများကို ကူညီနိုင်ရန် စီစဉ်ပေးသွားမည်ဟု ယင်းအစည်းအဝေးဆုံးဖြတ်ချက်များအရ သိရသည်။

ယခုအခါ တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူ ၄၀၇ ဦးရှိနေပြီး ကျောက်တော်မြို့မှ အဖွဲ့တစ်ဖွဲ့သည် စပါးဆိပ်ကျေးရွာသို့ သွားရောက်ကူညီမည်ဖြစ်ကြောင်း သိရသည်။

စစ်ဘေးဒုက္ခသည်များကို ကူညီနိုင်ရန် မြောက်ဦးမြို့တွင်လည်း အဖွဲ့ဝင် ၃၀ ကျော်ပါ အရေးပေါ်ကယ်ဆယ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး၊ ကော်မတီ ခေါင်းဆောင်များရွေးချယ်ရန် အစည်းအဝေးလုပ်နေကြကြောင်း မြောက်ဦးမြို့ သွေးလှူရှင်အသင်းဒုဥက္ကဌ ဦးမောင်သောင်းရွှေပြောပြချက်အရ သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...