တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ထိုင်းကိုသွားရောက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ထိုင်းကိုသွားရောက်
by -
ခိုနူမ်းထုန်
မြန်မာ့ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်ဟောင်း လက်ရှိ Mizo National Front (MNF) ဥက္ကဋ္ဌ ပူးဇိုးရမ်းထန်းငါသည် ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာ ခဲ့ကြောင်း သိရသည်။

 ပူးဇိုးရမ်းထန်းငါသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကြမည်ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများကို ဆွေးနွေးကြမည်ဟု မီဇိုရမ်ဒေသထုတ် Vanglaini သတင်းတွင်ဖော်ပြထားသည်။

 (MNF) ဥက္ကဋ္ဌသည် မြန်မာ့ငြိမ်းချမ်းရေးကို ကြားဝင်ကူညီဆောင်ရွက်ပေးရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့မှ ကိုယ်စားလှယ် များနှင့်တွေ့ဆုံပြီး မီဇိုးလက်နက်ကိုင်တပ်ဖွဲ့ နှင့် အိန္ဒိယအစိုးရအကြား ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြံုများကို ရှင်းလင်းဖလှယ်ခဲ့ဘူးသည်။

 Pu Laldenga(ကွန်လွန်) ဦးဆောင်သော Mizo National Front (MNF) မီဇိုးလူမျိူးစုလက်နက်ကိုင်တပ်ဖွဲ့ သည် မီဇိုရမ်ပြည်နယ် လွတ်လပ်ရေးအတွက် ၁၉၆၆ ခုနှစ်က အိန္ဒိယအစိုးရကို စတင်ပုန်ကန်ခဲ့သည်။ အိန္ဒိယအစိုးရ နှင့် ဆယ်စုနှစ် ၂ ခုကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြပြီးနောက် ၁၉၈၆ ခုနှစ်တွင် Rajiv Gandhi ဦးဆောင်သော အိန္ဒိယအစိုးနှင့် တွေ့ဆုံဆွေးနွေးပြီး The Mizo Accord ခေါ် မီဇိုးသဘောတူညီချက်ကို ချူပ်ဆိုခဲ့ကြသည်။ ယင်းသဘောတူစာချူပ်သည် အိန္ဒိယနိုင်ငံတွင် အအောင်မြင်ဆုံးသော ငြိမ်းချမ်းရေးစံပြသဘောတူစာချူပ်အဖြစ် သတ်မှတ်ခံ ခဲ့ရပါသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...