နုန်းတားဆည် ရေလျှံ၍ ဆည်အောက်ဘက်ရွာများ ပြောင်းရွှေ့

နုန်းတားဆည် ရေလျှံ၍ ဆည်အောက်ဘက်ရွာများ ပြောင်းရွှေ့
by -
မဇ္စျိမ
ဓာတ်ပုံ- Ko B. Soe
ဓာတ်ပုံ- Ko B. Soe
ချင်းပြည်နယ် တွန်းဇံမြို့ရှိ ဆောက်လက်စ နုန်းတားဆည်မှ ရေများလျှံကျလာ၍ ဆည်အောက်ဘက်ကျေးရွာများ ဇူလိုင် ၃ရက် နံနက်ပိုင်းက ပြောင်းရွှေ့နေရကြောင်း ကလေးဒေသခံများက ပြောသည်။

ကလေးမြို့ ဒေသခံ ကိုကျော်သက်ဝင်းကမူ "ဆည်အောက်ဘက်ကရွာတွေကို ဘေးလွတ်ရာပြောင်းရွှေ့နေရတာ ၁၀ ရွာ လောက်ရှိတယ်။" ဟု မဇ္ဈိမကို ပြောသည်။

နုန်းတားဆည်မှ ရေကျော်ကာ အောက်ဘက်ရှိ ရာဇဂြိုလ်ဆည်အတွင်း ဝင်ရောက်ခဲ့သည့်အတွက် ရာဇဂြိုလ်ဆည် မကျိုးပေါက်စေရန် ရေပိုလွှဲမှ ရေများထုတ်ပေးနေသည်ဟုလည်း ရာဇဂြိုလ်ဆည် ဆောက်လုပ်ရေးမှ လက်ထောက်အဂျင်္င်နီယာ ဦးသိုက်စိုးက မဇ္ဈိမကို ပြောသည်။

"ပေ ၆၄၀ ကျော်ရင် ရေပိုလွှဲကနေ တစ်ခါတည်းလွှဲပြီးသားပါ၊ မနက်က ပေ ၆၅၀ ထိရောက်ခဲ့တယ်။ ခုတော့တဖြည်းဖြည်းကျနေပါပြီ ဆည်အတွက် စိုးရိမ်စရာမရှိပါဘူး။" ဟု ၎င်းက ပြောသည်။

ထို့ပြင် နုန်းတားဆည်ပြိုကျခြင်းမဟုတ်ဘဲ ရေလျှံခြင်းသာဖြစ်ကြောင်း၊ အထက်ပိုင်းရှိ သဘာဝ မြေပြိုကန်ပြိုကျဖွယ်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နုန်းတားဆည်သည် ရာဇဂြိုလ်ဆည်၏ အထက်ပိုင်းတွင် တည်ရှိပြီး ဆောက်လက်စ ဆည်တစ်ခုဖြစ်သည့်အတွက် ပျက်စီးမှု ရှိနိုင်သော်လည်း လက်ရှိ ညနေ ၅နာရီ ၄၅ မိနစ်အထိ ပျက်စီးမှု ရှိမရှိကို မသိရသေးဘဲ ရေကျသွားမှသာ အတိအကျသိရမည်ဟု ရာဇဂြိုလ်ဆည်၏ အင်ဂျင်နီယာတစ်ဦးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ပေးထားသည်။ ယင်းအပြင် နုံးတားဆည်မှာ ရေလှောင်ဆည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။

နုံးတားဆည်မှာ လက်ရှိတွင် ၈၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု သိရသည်။

လက်ရှိ ဇူလိုင် ၃ရက် ညနေ ၆နာရီခန့်တွင် ရာဇဂြိုလ်ဆည်၏ ရေမှတ်မှာ ၆၄၅ဒသမ၈၀ပေ ရှိပြီး စိုးရိမ်စရာ အနေအထားမဟုတ်ဟု သိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...