တိရစ္ဆာန်မွေးမြူရေးနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး သင်တန်း ကျောက်ဖြူတွင် ပြုလုပ်

တိရစ္ဆာန်မွေးမြူရေးနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး သင်တန်း ကျောက်ဖြူတွင် ပြုလုပ်
by -
နိရဥ္စရာ
ကျောက်ဖြူတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား တိရစ္ဆာန် မွေးမြူရေးနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်းကို နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းသင်တန်းကို ကျောက်ဖြူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ဇွန်လ ၂၈ ရက်နေ့မှ  ၂၉ ရက်နေ့ထိ (၂) ရက်ကြာပြုလုပ်နေပြီး သင်တန်းသား (၁၀)ဦးတက်ရောက်နေကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်တွင် အဓိကဖြစ်ပွားတတ်သော တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်းနှင့်  ကူးစက်ရောဂါထိန်းချုပ်နိုင်ရေးကို သင်ကြားခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ကျော်နိုင်ဦး ကပြောသည်။

”ကျောက်ဖြူမှာ ကျွဲ၊ နွား၊ ၀က်၊ ကြက် စတဲ့တိရစ္ဆာန်တွေ ကူးစက်ရောဂါဖြစ်လာရင် အလွယ်တကူ ထိန်းချုပ်နိုင်အောင် သင်တန်းပေးတာဖြစ်ပါတယ်“ဟု ဒေါက်တာကျော်နိုင်ဦး ကပြောသည်။ ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော ပေါင်ပုပ်လက်ပုပ်ရောဂါ၊ လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ခွာနာလျှာနာရောဂါ၊ အသဲစားရွက်ပြားသန်ရောဂါနှင့် ကျွဲငယ်နှင့် နွားငယ်များတွင်ဖြစ်ပွားတတ်သော
သန်လုံးကောင်ရောဂါ အကြောင်းကိုသင်ကြားပေးခဲ့သည်ဟု သိရသည်။ အလားတူ ၀က်များတွင် ဖြစ်ပွားတတ်သော ၀က်ဝမ်းကျရောဂါ၊ ၀က်နားရွက်ပြာရောဂါ၊ သန်လုံးကောင်ရောဂါနှင့် ကြက်များတွင် ဖြစ်ပွားတတ်သော ကြက်ကျောက်ရောဂါ၊

၀မ်းကျရောဂါ၊ ကြက်လည်လိမ်ရောဂါ၊ ကြက်ငှက်တုတ်ကွေးရောဂါတို့ကိုလည်း သင်ကြားပေးခဲ့ကြောင်း ဒေါက်တာကျော်နိုင်ဦး ကပြောသည်။နိရဥ္စရာ သင်တန်းကို သုံးလလျှင် တစ်ကြိမ် (၁၀)ဦးစီ သင်တန်းပေးသွားမည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...