နိုင်ငံသားစိစစ်ရေးအဖွဲ့တွင် ဒေသခံအရပ်ဘက် ကိုယ်စားလှယ်နှစ်ဦး ထည့်သွင်းရန်တောင်းဆို

နိုင်ငံသားစိစစ်ရေးအဖွဲ့တွင် ဒေသခံအရပ်ဘက် ကိုယ်စားလှယ်နှစ်ဦး ထည့်သွင်းရန်တောင်းဆို
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ် နိုင်ငံသားစိစစ်ရေး အဖွဲ့၌ ဒေသခံအရပ်ဘက်ကိုယ်စားလှယ်နှစ်ဦးအား စိစစ်ရေး ကော်မတီတွင် ထည့်သွင်းပေးရန် ဒေသခံများမှ ခရိုင်အုပ်ချုပ်ရေးမှူးထံ စာရေး တောင်းဆို လိုက်ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့၊ သာသနာ့ဗိမာန်တွင် ဇွန်လ(၂၉)ရက်နေ့က ပြုလုပ်သော ဒေသခံလူထုအစည်းအဝေးမှ ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ကျောက်ဖြူ၌ ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အရပ်ဘက်ကိုယ်စားလှယ်များမပါ၀င်ဘဲ ဌာနဆို်င်ရာမှပုဂ္ဂိုလ်များကိုသာ ထည့်သွင်းထားသည့်အတွက် ဒေသခံတွေက အယုံအကြည်မရှိသဖြင့် တောင်းဆိုရတာဖြစ်ကြောင်း မြို့ခံတစ်ဦးဖြစ်သူ ရှေ့နေဦးထိန်လင်း ကပြောသည်။

”နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်ဖို့အတွက် စိစစ်ရေးကော်မတီမှာ ဌာနဆိုင်ရာမှ လူတွေကိုသာ ရွေးထားတာကိုသိရတယ်။ စိစစ်ရေးကော်မတီကို တရားဝင်စာမထုတ်သေးပေမယ့် ဘယ်သူတွေကို ရွေးထားတယ်ဆိုတာကို သိထားပြီးပြီ။

ကြံ့ခိုင်ရေးအစိုးရလက်ထက်ကတောင် နိုင်ငံသား စိစစ်ရေးလုပ်ငန်းမှာ အရပ်ဘက်ကိုယ်စားလှယ်နှစ်ဦးကို ပါ၀င်ခွင့်ပြုခဲ့တယ်။ အခုက အရပ်ဘက်တွေ ပါ၀င်ခွင့်မရဘူး။ အရပ်ဘက်ကိုယ်စားလှယ်များမပါ၀င်ဘဲနဲ့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို ဒေသခံတွေက အယုံအကြည်မရှိတဲ့အတွက် ခုလို တောင်းဆို ရတာဖြစ်တယ်”ဟု ရှေ့နေဦးထိန်လင်း ကပြောသည်။

၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီနိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွင် အရပ်ဘက် ကိုယ်စားလှယ်နှစ်ဦး ပါ၀င်ခွင့်မရရင် ကျောက်ဖြူဒေသခံများမှ ဆန္ဒဖော်ထုတ်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

အလားတူ တောင်းဆိုမှုမျိုးကို ဘူးသီးတောင်တွင် ပြုလုပ်ထားသည်ဟု သိရသည်။ ကျောက်ဖြူမြို့၊ ကျောက်တလုံးဘင်္ဂလီကယ်ဆယ်ရေးစခန်းတွင် လူစုစုပေါင်း ၁၁၉၈ ဦးရှိပြီး ဇွန်လ ရ ရက်နေ့က NVC ကဒ် ၅၉၃ ဦးအား ထုတ်ပေးခဲ့ကြောင်းသတင်းရရှိသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...