မင်းပြားမြို့နယ်မှ ကျောင်းဆရာ တစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

မင်းပြားမြို့နယ်မှ ကျောင်းဆရာ တစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အဝရွာ ကျေးရွာအုပ်စု မြစ်နားရွာမှ ကျောင်းဆရာ တစ်ဦးကို အစိုးရ တပ်မတော်က မကြာခင်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်း ရရှ်ိသည်။

“ခေါ်ဆောင်သွားတာ မှန်ပါတယ်။ စစ်ဆေးစရာရှိတဲ့အတွက် ခေါ်ဆောင်သွားတာပါ” ဟု အဝရွာ ကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ကျောင်းဆရာ ဦးရွှေလုံးဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ယင်း အုပ်ချုပ်ရေးမှူးက “ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်မှုနဲ့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ ကျွန်တော်လည်း မပြောနိုင်ဘူး” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဍားကျွန်းမြို့နယ်တို့တွင်လည်း ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များ ၀င်ရောက်နေသည်ဆိုသော သတင်းများကြောင့် ယခုအခါ စစ်ဆေးမှုများ အထူးတိုးပွားနေသည်ဟု သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...