မင်းပြားမြို့နယ်မှ ကျောင်းဆရာ တစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

မင်းပြားမြို့နယ်မှ ကျောင်းဆရာ တစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အဝရွာ ကျေးရွာအုပ်စု မြစ်နားရွာမှ ကျောင်းဆရာ တစ်ဦးကို အစိုးရ တပ်မတော်က မကြာခင်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်း ရရှ်ိသည်။

“ခေါ်ဆောင်သွားတာ မှန်ပါတယ်။ စစ်ဆေးစရာရှိတဲ့အတွက် ခေါ်ဆောင်သွားတာပါ” ဟု အဝရွာ ကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ကျောင်းဆရာ ဦးရွှေလုံးဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ယင်း အုပ်ချုပ်ရေးမှူးက “ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်မှုနဲ့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ ကျွန်တော်လည်း မပြောနိုင်ဘူး” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဍားကျွန်းမြို့နယ်တို့တွင်လည်း ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များ ၀င်ရောက်နေသည်ဆိုသော သတင်းများကြောင့် ယခုအခါ စစ်ဆေးမှုများ အထူးတိုးပွားနေသည်ဟု သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...