ဒက္ကားမြို့မှ ဆရာတော်ကြီးအား သတ်ပစ်မည်ဟု အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့မှ ခြိမ်းခြောက်စာပို့

ဒက္ကားမြို့မှ ဆရာတော်ကြီးအား သတ်ပစ်မည်ဟု အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့မှ ခြိမ်းခြောက်စာပို့
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှ အကြီးဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်အား အစ္စလာမ်မစ် အကြမ်းဖက် အုပ်စု တစ်ခုမှ သတ်ပစ်မည်ဟု ခြိမ်းခြောက် စာ ပေးပို့ထားကြောင်း Dhakatribune အင်္ဂလိပ် သတင်းစာတွင် ဖော်ပြသည်။

၎င်းစာကို အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့မှ AB Siddik ဟု သူကိုယ်သူ မိတ်ဆက်ထားသူ တစ်သီးမှ အင်္ဂါနေ့က ပို့ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းစာအား ဘုန်းတော်ကြီးကျောင်းသို့ စာများ မကြာခဏ လာရောက် ပေးပို့နေသူ စာပို့လုလင် တစ်ဦးက အင်္ဂါနေ့ မွန်းလွဲ ၁၂ နာရီ ခွဲတွင် လာရောက် ပေးပို့ခဲ့ သည်ဟု ကျောင်းထိုင် ဆရာတော်ကြီး ဂရုဏာ ဘိက္ခူ (Karuna Bhikku) က ပြောကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။

စာထဲတွင် ဆရာတော်ကြီးအား ရက်ရက်စက်စက် ဓားနှင့် တစ်လအတွင်း ခုတ်သတ်ပစ်မည် ဖြစ်ကြောင်း၊ ရွှေရောင်အဆင်းရှိသော ဂေါတမ ဗုဒ္ဓ ရုပ်ပုံလွှာလည်း သင်အသက်အား ကာကွယ်နိုင်လိမ့်မည် မဟုတ်ကြောင်း ပါရှိသည်ဟုဆိုသည်။

၎င်းပြင် ဤတိုင်းပြည်တွင် အထင်အရှား ဆောင်ရွက်လုပ်ကိုင်နေသော ဗုဒ္ဓ ဘာသာနှင့် သက်ဆိုင် လုပ်ငန်းများကို ရပ်ဆိုင်းရန် စာထဲတွင် ရေသားထားသည်ဟု သိရသည်။

အဆိုပါ ခြိမ်းခြောက်စာကို လက်ခံ ရရှိပြီးနောက် ဒက္ကားမြို့ ဘရှားဘို ရပ်ကွက်ရှိ ဓမ္မရာဇိက ဘုန်းတော်ကြီးကျောင်းတွင် ရဲအစောင့်အရှောက်များ ချထားပြီး လုံခြံုရေး တိုးမြှင့် ထားကြောင်း ရဲက ပြောသည်။

ခြိမ်းခြောက်စာနှင့် ပတ်သက်ပြီး ရဲစခန်းတွင် မှတ်တမ်းတင်မှု ပြုလုပ်လိုက်ပြီ ဖြစ်ကြောင်း ယင်းနယ်မြေရှိ ရဲစခန်းမှူး Abdul Quddus က ပြောကြောင်း သတင်းတွင် ရေးသားထားသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...