တိုင်းရင်းမီဒီယာများ ပိုမိုဖွံ့ဖြိုးရေးနှင့် လုံခြံုရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် သတင်းမီဒီယာကောင်စီ မျှော်လင့်

တိုင်းရင်းမီဒီယာများ ပိုမိုဖွံ့ဖြိုးရေးနှင့် လုံခြံုရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် သတင်းမီဒီယာကောင်စီ မျှော်လင့်
by -
မဇ္စျိမ
တိုင်းရင်းမီဒီယာများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်နယ်၊ တိုင်းဒေသရှိ တိုင်းရင်းသတင်းထောက်များ၏ လုံခြုံရေးများအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးမှုတရပ်ကို ဇွန်လ ၂၈ ရက်က ရန်ကုန်မြို့ရှိ Sumit Parkview ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

"အနာဂတ်မှာ တိုင်းရင်းမီဒီယာတွေနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ဖို့၊ သူတို့တွေအတွက် sub grant တွေ ထုတ်ပေးသွားဖို့ အစီစဉ်တွေ ရှိပါတယ်။ ဒါ့အပြင် သတင်းမားများရဲ့ လုံခြုံရေးပေါ့ တရားစွဲဆိုမှုတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ ဖမ်းဆီးခံရမှုတွေရှိတဲ့အခါ press council က လုံးဝတာဝန်ရှိသူအဖြစ် ရပ်တည်နိုင်ဖို့ အပြန်အလှန် ချိတ်ဆက်မှုတွေ အတွက် ကျနောတို့ အဖြေရှာနိုင်ဖို့ တွေ့ဆုံခြင်းပါ။" ဟု မြန်မာနိုင်ငံ သတင်းမီယာကောင်စီ အဖွဲ့ဝင် ဦးခိုင်မြတ်ကျော်က ပြောသည်။

ဆွေးနွေးပွဲကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ အတွင်းရေးမှူး ဦးသီဟစောနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတကာသတင်းအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းရင်းမီဒီယာများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် သတင်းကောင်စီ၏ လတ်တလော ဆောင်ရွက်နေသော အခြေနေများနှင့် တိုင်းရင်းမီဒီယာများမှလည်း ၎င်းတို့၏ အခက်အခဲများကို အသီးသီး တင်ပြခဲ့ကြသည်။

"သတင်းရေးသားမှုကြောင့် လူထု၊ ဒါမှမဟုတ် သက်ဆိုင်ရာ အာဏာပိုင်တွက အရေးယူဆောင်ရွက်မှုတွေရှိလာတဲ့အခါ ကျနော်တို့က စာနယ်ဇင်းကောင်စီ၊ သတင်းရှေ့နေအဖွဲ့တွေကို တင်ပြ အကူညီတောင်းပေမယ့် လစ်လျူမှုတွေရှိပါတယ်။ ဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ကလည်း မီဒီယာကြီးတွေကိုပဲ ဦးစားပေး လက်ခံဖြေကြားပြီး တိုင်းရင်းမီဒီယာတွေကို မဖြေကြားလိုတာဟာ ယခင်အစိုးရထက် အနည်းငယ် ပွင့်လင်းမှု အားနည်းတယ်လို့ ဆိုရမှာပါ" ဟု ရခိုင်အခြေစိုက် Development သတင်းဂျာနယ် သတင်းထောက်ချုပ် ဧကရာဇ်က ပြောသည်။

တက်ရောက်လာသည့် တိုင်းရင်းမီဒီယာများ၏ အဓိက အခက််အခဲမှာ ခွဲခြားဆက်ဆံခံရခြင်းနှင့် ငွေကြေးဆိုင်ရာ အခက်အခဲများ ဖြစ်ကြောင်း ဆွေးနွေးချက်များအရ သိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...