သူရဲသမိန်ကျေးရွာတွင် ရဲလုံခြံုရေး ၁၀၀ ထပ်မံချထား

သူရဲသမိန်ကျေးရွာတွင် ရဲလုံခြံုရေး ၁၀၀ ထပ်မံချထား
by -
မဇ္စျိမ
ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် မေ ၂၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွာခဲ့သည့် နေရာ၌ ရဲလုံခြံုရေး ၀န်ထမ်းအယောက် ၁၀၀ ထပ်မံတိုးမြှင့်ချထားသည်ဟု ပဲခူးတိုင်း ဒုရဲမှူးကြီး လှဦးက မဇ္စျိမကို ပြော သည်။

“အခုကတော့ အခြေအနေ တည်ငြိမ်အေးချမ်းနေတယ်။ လုံခြံုရေးအနေနဲ့ ပထမကရဲအင်းအား ၅၀ ချထားတယ်။ အခု နောက်ထပ် လုံခြံုရေး အယောက် ၁၀၀ အခုပဲထပ်ပို့ထားတယ် စိုးရိမ်ရလို့တော့ မဟုတ်ဘူး၊ ရွာသူရွာသား လုံခြံုမှု ရှိအောင်လုပ်တာပါ၊ ဖေ့ဘွတ် စာမျက်နှာတွေက သတင်းက အမှန်မဟုတ်ပါဘူး။ တစ်လွဲတွေ ဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။

ခိုက်ရန် ဖြစ်ပွားမှုတွင် ပါ၀င်ပတ်သက်ခဲ့သူများကို လက်ရှိအချိန်တွင် အမှုဖွင့်ထားခြင်းမရှိသေးပဲ ဆက်လက်စုံစစ်းဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါကျေးရွာတွင် ဇွန်လ ၂၃ရက်နေ့က  ဗုဒ္စဘာသာဝင်တစ်ဦးနှင့် အစ္စလာမ် ဘာသာဝင်တို့ စကားများ ရာမှ ဗလီ အဆောက်အအုံနှင့် အိမ်ခြေ ၊ ဂိုဒေါင်အဆောက်အအုံအချို့ ဖျက်စီးခံခဲ့ရသည်။

သူရဲသမိန်ကျေးရွာမှ ရွာသူ၊ ရွာသား ၂၀၀ ခန့်သည် ဇွန် ၂၃ရက် ညနေ ၃ နာရီခွဲခန့်တွင် ယင်းကျေးရွာရှိ ဘာသာရေးအဆောက်အအုံနှင့် အနီးရှိ နေအိမ်ပစ္စည်းများအား ဝင်ရောက်ဖျက်ဆီးခဲ့သည့်အတွက် အခင်း ဖြစ်ပွားရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသွားရောက် ညှိနှိုင်းဖြေရှင်းပေးကာ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေကြောင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြခဲ့သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...