မြန်မာဒုက္ခသည်များအား ပြန်ခေါ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပေး

မြန်မာဒုက္ခသည်များအား ပြန်ခေါ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပေး
by -
မဇ္စျိမ
Photo by Thiti Wannamontha
Photo by Thiti Wannamontha
ထိုင်းနိုင်ငံရောက် နေရပ်စွန့်ပြေးမြန်မာများကို အချိန်သင့်ချိန် လုံခြံုဘေးကင်းစွာ နေရပ်ပြန်ခေါ်ရေးအတွက် ထိုင်းနှင့် မြန်မာ နှစ်ဖက်သဘောတူညီမှုရသည်။

ဇွန် ၂၄ ရက်က ထိုင်းနိုင်ငံ အစိုးရအိမ်တော်ရာတွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်   ပြောကြားခဲ့သည်။

ဧပြီလ NLD အစိုးရအာဏာရပြီးချိန်မှစကာ ဒေါ်အာင်ဆန်းစုကြည်၏ ပထမဆုံးထိုင်းခရီးစဉ်အဖြစ် ယခုခရီးစဉ်၏ ဇွန် ၂၄ ရက် အစီအစဉ်သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် နေရပ်စွန့် ထွက်ပြေးလာသည့် ဒုက္ခသည်များအရေးကို ဆွေးနွေးခြင်းဖြစ်သည်။ နှစ်နိုင်ငံ အစိုးရဌာနဆိုင်ရာများကြား ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးပြဿနာအား ဖြေရှင်းနိုင်ရေး ရည်ရွယ်သည့် ပဋိညာဉ် သုံးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

နေရပ်စွန့်ကာ ထိုင်းနိုင်ငံရောက်နေသည့် မြန်မာဒုက္ခသည်အားလုံးကို သင့်တော်သည့် အချိန်ရောက်ရင် အိမ်ပြန်ခေါ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျွန်မတို့ ပြည်သူတွေ အရေးအတွက် ထိုင်းအစိုးရရဲ့ လုပ်ဆောင်ပေးမှုများကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ထိုင်းရောက် မြန်မာတွေအနေနဲ့က နိုင်ငံရင်း မြန်မာနိုင်ငံကို ပြန်လာရမှာ ပဲဖြစ်ပါတယ်”ဟု   ဒေါ်အောင်ဆန်းစုကြည်က ပြောပြီး ယင်းကိစ္စက အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “ထိုင်းနိုင်ငံက ကျွန်မတို့ မြန်မာနိုင်ငံသားအားလုံးအတွက် တာဝန်ယူကြောင်း”လည်း ပြောခဲ့သည်။

ထိုင်းနိုင်ငံတွင် ဒုက္ခသည်စခန်း ကိုးခုရှိကာ မြန်မာဒုက္ခသည်ပေါင်း တစ်သိန်းဝန်းကျင် ရှိနေကြောင်း ခန့်မှန်းထားသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...