ကလေး – ရိဒ်နယ်စပ်သွား ကားဂိတ်များ ကားဝင်းသစ်သို့ ပြောင်းရွှေ့မည်

ကလေး – ရိဒ်နယ်စပ်သွား ကားဂိတ်များ ကားဝင်းသစ်သို့ ပြောင်းရွှေ့မည်
by -
ခိုနူမ်းထုန်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် အမှတ်(၂) အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်ခေါဒါရ်း မြို့သို့ ပြေးဆွဲနေသော ကားလိုင်းများ၏ လက်မှတ်အရောင်းဌာန(ကားဂိတ်)များအားလုံးကို ဇူလိုင်လကုန်ပိုင်းကစပြီး အသစ်တည် ဆောက်လျက်ရှိသော ကားဝင်အသစ်သို့ ပြောင်းရွှေ့နိုင်မည်ဟု တာဝန်ရှိသူများကပြောသည်။

ချင်းပြည်နယ် ရိဒ်ခေါဒါရ်းမြို့သို့ ပြေးဆွဲနေကြသောကားလိုင်းများသည် ကားဝင်းသီးသန့်မရှိဘဲ ကလေးမြို့ တာဟန်း ရပ်ကွက်၊ တောင်ဖီလာလမ်းခွဲအနီး ဗိုလ်ချူပ်လမ်းမကြီးဘေးတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဂိတ်များဖွင့်လှစ်ကာ ဆယ်စုနှစ်ပေါင်းများစွာပြေးဆွဲလာခဲ့ကြသည်။

ယခုအခါ တောင်ဖီလာရပ်ကွက် နယ်မြေ (၆) သချိူင်းဟောင်းနေရာတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကားဝင်း အသစ် တည်ဆောက် လျက်ရှိပြီး ဇူလိုင်လကုန်ပိုင်းတွင် ကားဂိတ်များအားလုံး ပြောင်းရွှေ့ဖွင့်လှစ်မည်ဟု ကားဂိတ် ဆောက် လုပ်ရေးတာဝန်ခံကပြောသည်။

အသစ်တည်ဆောက်လျက်ရှိသော အဆောက်အဦးသစ်မှာ အလျား ၁၈၀ ပေ အနံ ၄၈ ပေရှိပြီး လက်မှတ် အရောင်း ဌာန အခန်းပေါင်း ၁၀ ခန်းပါ၀င်မည်ဖြစ်သည်။ ကုန်ကျစရိတ်ခန့်မှန်းခြေမှာ သိန်းပေါင်း ၆၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

အဆိုပါ ကားဝင်းသစ်ကြောင့် ယခင်က တောင်ဖီလာလမ်းခွဲအနီး ဗိုလ်ချုပ်လမ်းပေါ်တွင် ဂိတ်ထိုး လက်မှတ် ရောင်း ချခြင်း ကြောင့် အများပြည်သူသွားလာရေး အဆင်မပြေမှုများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...